ဆံပင်ကို နောက်ကစည်းထားရအောင်လည်းမရှည်သေးဘူး ။ ခေါင်းလောင်းရေချိုးပြီး
ခြောက်အောင်မသုတ်ပဲ ဖွာလန်ကျဲထား လိုက်တယ်။ လူပျိုပေါက်တုန်းက ဝတ်ခဲ့တဲ့
မတော်တရော် တီရှပ်တွေလိုက်ရှာတယ် ။ အနက်ရောင်မှဖြစ်မှာ ။ ဘောင်းဘီကျပ်
ကျပ်တွေလိုက်ရှာတယ်။ခါးမတော်တော့လည်း အရေးမကြီး။ အရေးထဲ မနေ့ကမှ
အရောင်တင် ဖုန်သုတ်ထားတဲ့ အရိုးခေါင်း ခါးပါတ်
ဘယ်နားထားမိမှန်းမသိ။အရင်ပုံစံ ကန်းထရီး ဘု(ထ်) တွေ မရှိတော့ဘူး ။
ကြုံရာဖိနပ်ကောက်စွပ်လိုက်မှ ။ကြိုးအသစ် တွေလဲထားတဲ့ ဂစ်တာ အသံသိပ်မညက်လဲ
ကိစ္စမရှိ ။ ပြင်လို့ဆင်လို့ ပြီးမှ ဆွဲကြိုးကြီးကြီး အပြင်ဖက်
ထုတ်ဆွဲဘို့ သတိရ ။ ပိစ်တံဆိပ် မှရှိသေးရဲ့လား ။ အိမ်ရှေ့ခန်း ဂစ်တာကို
ဖလက်တံက ကိုင်ပြီးဖြတ်တော့ ကိုရီးယားကား ကြည့်နေတဲ့ အမေ က
"မျက်စိစပါးမွေးစူးလိုက်တာ " ဘယ်လိုကောင်လဲ ပုံစံ မျက်ထောင့်နီနဲ့
ကြည့်တယ် ။ လမ်းထဲက ထမင်းကျန် ၊ ဟင်းကျန် ကျွေးနေကြ ခွေးသုံးလေးကောင်
အလန့်တကြား စူးစူး ဝါးဝါးထိုးဟောင်တယ် ။ မျက်နှာချင်းဆိုင် လာနေတဲ့
ရပ်ကွက်လူကြီး မမြင်ချင်ယောင်ဆောင်သွားပြီး ကွမ်းတံတွေး ဗျစ်ကနဲ
ထွေးလိုက်ရင်း စုတ်သတ်သံ ကြားလိုက်တယ် ။ ၃ ခန်းကျော် က အပျို ကြီး
အခန်းတံခါး `ဝုန်း'ကနဲ ဆောင့်ပိတ်လိုက်ပြီး တူမတွေကို အကြောင်းမဲ့
ဆူပူအော်ဟစ်နေတယ် ။ အစွန်ဆုံး အိမ်က နိုက်ကလပ်မှာ အလုပ်ဆင်းတဲ့ မော်ဒယ်
မှိုတက်မလေး ကားကြုံစောင့်ရင်း ဟုတ်မှဟုတ်ရဲ့လား အကြည့်နဲ့ကြည့်တယ်။
နှုတ်ခမ်းနီ ပျက်အောင် ပလုတ်ပလောင်း ဝါးနေတဲ့ အသုတ်ဆိုင်က စပီကင်
သင်တန်းသူတွေ တခွိခွိ ရယ်ရင်း ခွီးခွီးနဲ့ ဟင်း ရည်သီးကုန်ကြတယ် ။
လက်ဘက်ရည်ဆိုင်ထဲက ပရီးမီးယား ကျွမ်းကျင်သူ အချို့ `ဂိုး' လို့
မအော်နိုင်ပဲ ပါးစပ်ကြီးတွေ ဟောင်းလောင်းဖွင့် လိုက်ကြည့်ရင်း ပြိုင်တူ
ခေါင်းခါလိုက်ကြတယ် ။ ဆိုက်ကားဂိတ်က ကျားပွဲ ငြင်းနေကြတဲ့ ကောင်တွေ
ချက်ခြင်းဆိုသလို အသံတွေတိတ်ကုန်ပြီး ၊ နထင်ကို လက်ညိုးထောက်
ခါပြလိုက်ကြတယ် ။ ဆံပင်ညှပ်ဆရာကြီး ကပ်ကြေးသံ ရပ်သွားပြီး မျက်လုံးကြီး
ပြူးထွက်လာတယ် ။
ကိုယ်ကတော့ ကိုယ့်အထာနဲ့ကိုယ် ဘာကိုမှာ ဂရုမစိုက် ၊ ရထားလမ်းနားက
ရေမြောင်းကို ခုန်ကျော်လိုက်တယ် ။ဇလီဖား တုံးတွေပေါ်
ခေါက်တုံခေါက်ပြန်လျှောက် ၊ ဂစ်ကို တဗျန်းဗျန်းခေါက်ရင်း
လေချွန်လိုက်တယ်။ ခြေသလုံးတောင့်လာ တော့မှ သံလမ်းပေါ်ခြေတစ်ဖက်တင် ၊
ဂစ်ကို မြေကြီးပေါ်ထောက်ရင်း အိုက်တင်အမျိုးမျိုး လုပ်ကြည့်မိ ။
မောလာတော့မှ သံလမ်းဘေး အုတ်ဘောင်ပေါ် ခြေပစ်လက်ပစ်ထိုင် ၊ နှင်းဆီ
လေး၊ငါး၊ခြောက် လိပ် ကုန်အောင် ကောက်ဖွာလိုက်တယ် ။ အော် . . . မေ့လို့
ဂစ်ခေါက်တယ်ဆိုတာလဲ ဒေါင်ဒင် ၊ဒေါင်ဒင် တီးတတ်ရုံ ကော့ဒ် ၂ ခုထက်မပို ၊
သီချင်းညည်း တတ်တယ် ဆိုတာလဲ 'အကြီးတလုံး ၊ အသေးတလုံး ' ထက်မပို ။
ငါးဆယ်ကျော်မှ ဘဝမှာ နေပျော်မလားလို့ ရော့ခ်ကာ လုပ်တိုင်းဆော့မိလည်း ၊
ကိုယ့်အထာနဲ့ကိုယ်ကတော့ ရော့ခ်ကာ ပဲ နည်းနည်းလေးမှ မလျှော့လို ။
MPM
4 .Nov . 2010
--
Phone Myint

8 comments:
ကောင်းတယ်အေ. သဘောကျတယ်။ ဆက်လုပ်. အဖော်လိုရင်ပြော အကျီမဲမဲကြပ်ကြပ်. ဘိုက်ပူတာ ပူပေစေပေါ့ ဘာဖြစ်လဲ. ဖင်ပေါ်စကဒ်ဝတ်ပြီးယ ပါင်လုံးကြီးတွေ တုတ်ကတာလဲကိစ၁စမရှိပါဘူး ဘာဇြစ်လဲ ဖော်ရပြီးတာဘဲ. ဘေးကနေ စီးကရက်ဖွာပေးမယ်။ သောက်တတ်လို့ဟုတ်ပါဘူး အားဖြည့်ပေးတာ. ပျော်သလိုပေါ့.
မမကွမ်နဲ့ အတူတူ... ညီရေ့...း)
ဟမ်. သူရို့ကသယ်ချင်းတွေလား.
ငါခေတ်နောက်ကျနေပြီ။
နေ့လည်.နစ်နာရီကို လေးနာရီပေါင်းးညနေခြောက်နာရီ. (စကာပူ်. )အမေရီကားကို ည၁၀ နာရီခွဲို့ လေးနားရီပေါင်း မနက် နစ်န်စ်ရီခွဲ ဟိုကောင်လေး အိပ်တော့ ဂစ်တာခေါက်မနေနဲ့တော့.
ကိုင်း...ကိုင်း...
အဆိုတော်ရောက်လာပြီ...
မရော့ခ် တတ်သူ နောက်ဆုတ်..
ငယ်ငယ်က ဇော်ဝင်းထွဋ်နဲ့ လေးဖြူသီချင်းဟောင်းလေးတွေ ပြန်လွမ်းသွားတယ်ဗျာ...ရှယ်ကဗျာလေးပါပဲ။
သြော်...ကော်နတ်ရှင်မကောင်းလို့ ခုမှပဲ ကွန်းမန့်ပေးလိုက်ရတယ်
ငယ်ငယ်က ဇော်ဝင်းထွဋ်နဲ့ လေးဖြူသီချင်းဟောင်းလေးတွေ ပြန်လွမ်းသွားတယ်ဗျာ...ရှယ်ကဗျာလေးပါပဲ။
သြော်...ကော်နတ်ရှင်မကောင်းလို့ ခုမှပဲ ကွန်းမန့်ပေးလိုက်ရတယ်...
Post a Comment