Friday, October 19, 2018

အရှုံးသမားတစ်ယောက်ရဲ့တေး သို့မဟုတ် Take Good Care of My Baby.







ကမ္ဘာဦးအစက ကောင်းကင်ပြာတွေအောက်မှာ ပြေးလွှားခဲ့ကြသလို လွတ်လပ်ပေါ့ပါးမှုမျိုးနဲ့ မင်းနဲ့ငါ အဆုံးမဲ့ လွတ်လပ်ဖူးကြတယ်ပဲ ဆိုပါစို့ အချစ်ရေ . . .သံဝေဂတေးတိုင်းမှာ အဆွေးဓတ် ကိန်းနေပါတယ်..
လေထဲလွင့်ပျံသွားကြတဲ့ ပြာမှုန်တွေလိုမျိုး ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ မပြောချင်ဘူး၊ မင်းနဲ့ တွေ့ဆုံခွင့်ရခဲ့တာက ငါ့ဘဝရဲ့ အဓိပ္ပါယ် အတိအကျပဲပေါ့ .. မင်းမရှိတော့တဲ့အခါမှာ ငါဟာလေဟာနယ် ဖြစ်သွား . . .
(My tears are falling
'cos you've taken her away
And though it really hurts me so
There's something that I've got to say
"ငါ့မျက်ရည်တွေ ကျလာတယ် .. 
ဘာလို့လဲဆို သူ့ကို ငါနဲ့ဝေးရာ မင်းခေါ်ဆောင်သွားလို့ပေါ့ ..
တွေးတိုင်း နာကျင်နေရတယ် .. 
ငါ ပြောစရာရှိတာက ... သူ့ ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ ..ဆိုတဲ့ 
လွမ်းမောစရာ ခြေဆင်းနဲ့စတယ် )
Take Good Care of My Baby ဆိုတာ ကမ္ဘာမှာရော၊ မြန်မာမှာပါ ပေါက်ခဲ့တဲ့ သီချင်း၊ မူရင်းသီချင်းကို ကာရိုးလ်ကင်းနဲ့ ဂယ်ရီဂိုဖင်း တို့က နှစ်ယောက်ပေါင်းရေးသားခဲ့ပြီး ၁၉၆၁ ခုနှစ်က ဘော်ဘီဗီးလ် ရဲ့ အယ်လ်ဘမ်မှာ စတင် ပါဝင်ခဲ့လို့ ကျော်ကြားလာခဲ့တယ်။
ဒီသီချင်းကို ဘီတဲလ်တွေလည်း ပြန်ဆိုဖူးပြီး၊ Smokie အဖွဲ့ကလည်း ပြန်ဆိုခဲ့တယ်။ ကိုညီထွဋ် ( ဇော်ဝင်းထွဋ် ) က “အရွယ်လွန်အချစ်" ခေါင်းစဉ်နဲ့ “သိပ်ချစ်မိနေတယ် ကလေးရယ်" လို့ မြန်မာမှုပြု ဆိုပြန်တော့လည်း Hit ဖြစ်ခဲ့၊ အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်။
(Take good care of my baby
Please don't ever make her blue
Just tell her that you love her
Make sure you're thinking of her
In everything you say and do
ငါ့အချစ်လေးကို ဂရုစိုက်လိုက်ပါ . . 
သူအမြဲ စိတ်ညစ်နေရအောင် ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့ . . 
မင်း သူ့ကို ချစ်တယ်လို့ ပြောပေးပါ 
သူ့အကြောင်း အမြဲတွေးနေပေးပါ
မင်းပြောသမျှ မင်းလုပ်သမျှတိုင်းမှာပေါ့ )
အသဲကွဲနေသူတစ်ယောက်ဟာ အတိတ်က အချစ်အကြောင်း မြည်ကြွေး တမ်းတနေရင်း … ချစ်ခဲ့ဖူးသူတစ်ယောက်ရဲ့ ချစ်သူအသစ်ကို တဖွဖွမှာနေတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေရုံကလွဲလို့ သူဘာမှ မတတ်နိုင်ခဲ့ဘူး။ တကယ်လို့ အချစ်သစ်က တကယ့်အချစ်စစ်မဟုတ်ခဲ့ရင် အသဲကွဲနေတဲ့ ရင်ခွင်ကို ပြန်လာခဲ့ဖို့ပေါ့။
စိတ်ဝိဉာဏ်တွေကို အတောင်ပံတပ်ပေးကာ မင်းအနားမှာ ပျံဝဲစေပြီး၊ မင်းအကြောင်း ကို အာရုံပြုနေရုံကလွဲလို့ တခြားနည်းလမ်း ရှာမတွေ့ခဲ့သူ တစ်ယောက်၊ မိုးပေါက်တွေ၊ နှင်းစက်တွေတိုင်းမှာ မင်းနာမည်ကို ရေးရင်းပေါ့။ သစ်ရွက်ခြောက်လေးတွေလို လေတိုက်လိုက်တိုင်း မင်းကို ကြွေမကျစေချင်ဘူး အချစ်ရယ်။
(Take good care of my baby
Now don't you ever make her cry
Just let your love surround her
Paint rainbows all around her
Don't let her see the cloudy sky
ငါ့အချစ်လေးကို ဂရုစိုက်လိုက်ပါ . . 
သူအမြဲ မျက်ရည်စိုနေရအောင် မလုပ်လိုက်ပါနဲ့ . . 
မင်းအချစ်တွေ သူ့အနား ဝဲပျံနေပါစေ . . 
သက်တံ့တွေ သူ့အနား လွှမ်းခြုံအောင် ရေးခြယ်ထား
တိမ်ညိုတွေလွှမ်းတဲ့ ကောင်းကင်ကို သူမမြင်ရပါစေနဲ့ . . .
ရာသီဥတုမှိုင်းလို့ ပန်းရိုင်း ဖြစ်ရတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူးကွယ်၊ ဆူးဟာ ရဲရင့်နှင်းဆီတို့ရဲ့ ခံတပ်ပဲ.. ပန်းပွင့် နန်းတော်ပေါ်မှာ စံပယ်တွေ အိပ်ပျော်နိုင်ပါ့မလား …. ပျော်မယ် ဆို ရဲရဲသာပျော် ပွဲတော်တွေက မင်းကို စောင့်ကြိုနေတယ် .. ဒီမြေကြီးက မင်းအတွက် အချည်းအနှီး မဖြစ်စေရဘူး . . .
( Once upon a time
That little girl was mine
If I had been true
I know she'd never been with you
So take good care of my baby
Be just as kind as you can be
And if you should discover
That you don't really love her
Just send my baby back home to me
တစ်ချိန်တုန်းကတော့ ဒါ ငါ့ကောင်မလေး . . 
တကယ့်ကို သစ္စာစကားဆိုရရင်
သူ .. ဘယ်တော့မှ မင်းနဲ့ အတူ ရှိနေမှာ မဟုတ်ဘူး ဆိုတာ ငါသိတယ် . . .
ဒီတော့
ငါ့ အချစ်လေးကို ဂရုစိုက်လိုက်ပါ . . .
မင်းတတ်နိုင်သလောက် ကြင်နာပေးပါ
တကယ်လို့ မင်း သူကို တကယ်မချစ်ခဲ့ဘူး ဆိုရင် . ..
ငါ့ အချစ်လေးကို ငါ့ဆီပြန်ပို့ပေးပါ . . .)
လမ်းအိုဟောင်းလေးပေါ်မှာ ငေးမျှော်နေသူတစ်ယောက်ရှိတယ်ဆိုတာ မင်းသိပါစေ အချစ်ရေ . . . လမ်းမတိုင်းဟာ ရောမမြို့ကို ရောက်သလို .. . မင်းလျှောက်ခဲ့ရာ လမ်းတလျှောက် ကိုယ့် အိမ်တံခါးဝကို ရောက်ပါစေ . . . အိမ်အပြန်လမ်း ဆိုတာ ဘယ်တော့မှ မဝေးဘူးလို့ စာတိုက်အိုကြီး 
သီချင်း ညည်းနေပါတယ် . . .
(Take good care of my baby
Be just as kind as you can be
And if you should discover
That you don't really love her
Just send my baby back home to me
Take good care of my baby
Take good care of my baby
Take good care of my baby
ငါ့ အချစ်လေးကို ဂရုစိုက်လိုက်ပါ . . .
မင်းတတ်နိုင်သလောက် ကြင်နာပေးပါ
တကယ်လို့ မင်း သူကို တကယ်မချစ်ခဲ့ဘူး ဆိုရင် . ..
ငါ့ အချစ်လေးကို ငါ့ဆီပြန်ပို့ပေးပါ . . .
ငါ့အချစ်လေးကို ဂရုစိုက်လိုက်ပါ . . . 
ငါ့အချစ်လေးကို ဂရုစိုက်လိုက်ပါ . . . 
ငါ့အချစ်လေးကို ဂရုစိုက်လိုက်ပါ . . . )
မရဏ တေးသွားဟာ နာဖျားစေလောက်ရဲ့ . . .ကမ်းနဲ့ဝေးသူ လှေငယ်ဟာ နာကျင်မှုတွေ ပိန်းပိတ်မှောင်နေရောပေါ့ … ဂုဏ်ကျက်သရေ ရှိတဲ့ ပင်လယ်မှာ တင့်တယ်ပါစေ အချစ်ရေ . . လှည့်စားမှုများတဲ့ ကောင်းကင်အိုရဲ့ လာရာလမ်းမှာ လင်းဖျာနေတဲ့ လတစ်စင်းသာ ထွန်းလင်းပါ ..
ငါ့အချစ်လေးကို ငါ ဂရု စိုက်မှာပေါ့ . .
M.P.M
18/10./2018
11:24 PM

No comments: