Wednesday, July 16, 2008

အချစ်အကြောင်း မပြောနဲ့


အချစ်အကြောင်း မပြောနဲ့
အချစ်အကြောင်းမပြောလိုက်ကြပါနဲ့အုံးကွယ်
ပုစ္ဆာတွေအဖြေရှာ
ငါကိုယ်တိုင်မရေရာသေးလို့
အချစ်အကြောင်းမပြောပါနဲ့လားကွယ်.......။


အချစ်အကြောင်း..ပြောပြတော့
သူ့ဘဝမှာ..တစ်ခါမှ..မကြားဘူးတဲ့
တေးသွား တစ်ပိုဒ်ဆိုပြသလိုမျိုး
မျက်လုံး အဝိုင်းသားနဲ့
သူလေးက နားထောင်တယ်.......။


အချစ်ရယ် ၊ပေါင်မုန့်တစ်လုံးရယ် ၊
ဝိုင်တစ်ခွက်ရယ်၊ ကဗျာတစ်ပုဒ်ရယ်...
စီးဆင်းနေတဲ့ စမ်းချောင်းလေးရယ်....
လှုပ်ခတ်နေတဲ့ လေညှင်းလေးတွေရယ်...
အစရှိသဖြင်ပေါ့လေ....။

အချစ်အကြာင်းပြောသူကို
သူကလေးက ပိုက်သာဂိုးရပ်ရဲ့
အမှန်တရားအကြောင်းပြောပြတယ်...။

ဆော့ကရေးတီးရဲ့ ရဲရဲတောက်
အဆိပ်တစ်ခွက် အကြောင်း
ပြောပြတယ်....။

အမှန်တရား အတွက်
ဘဝတွေ ခါးတဲ့ အကြောင်းပြောပြတယ်...။

ရက်စက်တဲ့ နရသိန် အမှောင်တွေထဲက
လူငယ် တွေရဲ့ ဘဝကို
ကာလ တန်ဖိုး နဲ့ ..
ပိုင်းခြားတွက်ချက်ပြခဲ့တယ်.......။

အချစ် အကြောင်း မပြောကြနဲ့
ကြယ်စင်တွေကြွေတာ
သီချင်း လုပ်ဆို ရအုန်းမယ်....။

အချစ်အကြောင်း မပြောပါနဲ့
ဘဝတွေကို ရင်းပြီး
ထမင်းရှာဖွေစားရတယ်...။

အချစ်အကြောင်း မပြောလိုက်နဲ့
လူ့ဘဝရဲ့ ဖြစ်တည်မှု ဟာ..
အသက်ရှင် ရုံလေး ရပ်တည်နိုင်ဘို့ မဟုတ်ဘူး....။

အချစ် အကြောင်း မပြောနဲ့
စီးကရက် တစ်လိပ် ကို မီးညှိလိုက် သလို
ဘဝတွေလောင် မြိုက်ခံရတယ်......။

အချစ်ကြောင်း မပြောလိုက် နဲ့
ကက်ဆက် ခလုတ်ကို ဖွင့်လိုက်
ကြားရတဲ့ တေးသွားမှာ တံခါးချပ်တွေပါတယ် ......။

အချစ် အကြောင်း မပြောနဲ့
ငါကိုယ်တိုင် က
ကြော်ငြာ ချက် တစ်စောင်ဖြစ်တယ်....။

အချစ် အကြောင်း မပြော ကြနဲ့တော့
အပြန်လမ်း ပျောက်သူတွေ
တဖြည်းဖြည်း များနေပြီ
လေးကိုင်း တွေ အသင်ပြင်
လေးညို့ ကို အတင်းဆုံး ဆွဲတင်လိုက်
တံခွန်တွေ လွှင့်ထူလိုက်ကြ
သွေးစက် တွေ ပက်ဖြန်း
ကိုယ့် လမ်းတွေ ကိုယ်ရွေးထားလိုက်တော့....။

ငါတို့ ရဲ့ အကောင်းဆုံး တေး တွေဟာ
အဆွေးဆုံး အတွေးမဟုတ်ဘူး.....။

အဲ့ဒီညက ....
အချစ် အကြောင်းပြော သူ ဟာ
ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ တယ်...........။

မောင်ဖုန်းမြင့်

5 comments:

ATN said...

ကိုဖုန်းရေ ကောင်းလှချည်လား။ Keep it up, Bro! But, anyhow, u will talk about love someday. :)

Tea said...

ကောင်းတယ်ဟေ့.. :)

အချစ်က အချစ်ပါပဲ။ ဟီးးး :D

ပန်းခရေ said...

အဲဒီညက...အချစ်အကြောင်းပြောသူ“ဟာ
ရုတ်တရတ်
လဲကျသေဆုံးသွားခဲ့တယ်
မိုက်တယ်..တစ်ကယ်ကောင်းတဲ့
ကဗျာပဲ...

kay said...

မောင်ဖုန်းမြင့်ရေ- ကဗျာတွေအမြဲဖတ်ဖြစ်တယ်။
အမဆီလာလည် စာလာဖတ်တာ လည်း ၀မ်းသာတယ်။

ခင်မင်လျက်-

mama said...

အချစ်အကြောင်းပြောမှ ပဲ..
ဘ၀ ကပိုမို လေးနက် အသက်ဝင်လာတတ်တဲ့
အခါတွေ လဲ ရှိတတ်တယ်..။

မင်း ကိုယ်တိုင် သေချာမှ
အချစ်အကြောင်း ပြောမယ်ဆို...
အချိန်တွေ နောက်ကျချင် နောက်ကျသွားတော့မှာနော်..။