Wednesday, April 29, 2009

ငါ့လိပ်ပြာ ကငါ့ကို လှောင်နေတယ်

ငါ့လိပ်ပြာက ငါ့ကို လှောင်နေတယ်



မီးခြစ်ဗူးခွံတစ်လုံးကမှ
ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်
ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့
ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး
မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို
သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ
မီးကျိုး ၊ မောင်းပျက်
မီးပြတ် ၊ မောင်းကျိုး
ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ
ငါ့ဘဝကို မောင်းနှင် နေတာ
အနုပညာ စွမ်းအင်တွေနဲ့ပဲ
ဒီလိုပြောတော့
ခင်ဗျားက ရယ်ချင် ရယ်မယ်
လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်
နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ
သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး


ညီမလေးရယ်
တစ်ကြောင်းချစ် ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့

ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ........။



မောင်ဖုန်းမြင့်

2 comments:

ATN said...

လှောင်ရက်ပါပေ့...

Mhu Darye said...

တကြောင်းချစ် ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့...

အပြောလေး တယ်စားတယ်။
လာဖတ်ဖြစ်ပါတယ်။