ကျနော့်ဆောင်းခိုငှက်ကလေးပါ...
နွေဦးကို အပြေးအလွှားကြိုဖို့
ိ့ သူပျံသန်းထွက်ခွာသွားတယ် ။
လခြမ်းပဲ့လေးကိုပဲ ထိုင်ထိုင်ငေးနေမိ ...
အရိုးပြိုင်းပြိုင်းကျနေတဲ့
သစ်ကိုင်းအိုကြီးတွေတောင် ငိုတယ် ။
အမှတ်မရှိပါဘူး...
ဆောင်းခိုလာတာမှန်း သိရက်နဲ့
ဧည့်ဝတ်ကျေပွန်မိတာပါ ။
အမှတ်မရှိပါဘူး...
မြစ်ရေတိုးမယ်မှန်း သိလို့
တာဘောင် မဖို့မိတာပါ ။
အမှတ်မရှိပါဘူး...
မီးဟုန်းဟုန်းတောက်အောင်
မီးပွားလေးတစ အချခံလိုက်ရတာပါ ။
အမှတ်မရှိပါဘူး ...
ဖျတ်ဖျတ်လူးအောင်
အခူးအခြွေခံလိုက်တာပါ ။
အမှတ်မရှိပါဘူး ...
အိမ်မက်ဦးကို အရူးလုပ်ခံလိုက်ရလို့
ဖုံးမည်သံကြားတိုင်း
ခေါင်းထောင်ကြည့်မိတာပါ ။
စိတ်မရှိလိုက်ပါနဲ့ ...
ကာလသုံးပါအလွန်
အစွန်းရောက်စိတ်ကို မျိုဘို့
ကီးဘုတ်လေး တချောက်ချောက်ရိုက်
လူခြေတိတ်တုန်း အော်ဟစ်လိုက်မိတာပါ
မောင်ဖုန်းမြင့်
4 comments:
သိပ်လှတဲ့ ကဗျာလေးပါ..လား...
ကဗျာဆရာရေ..
အားပေး...နေတယ်..။
ဆောင်းခိုငှက် တေးမပြတ်ဆိုပါ
အမြဲစောင့်ပြီးနားထောင်နေမှာပါ
တစ်ချောက်ချောက်ရိုက်ပြီး အော်သာအော် ညီရေ ဒါလေးပဲ ထွက်ပေါက်ရှိတာမဟုတ်လား..
အား တယ် ဂွတ် ပါလား...။
း)
Post a Comment