Wednesday, May 27, 2009

အမှတ်မထင်ခြစ်မိသော စိတ်ကောက်ကြောင်းများ



လေထုက လေးလံ ၊ သိပ်သည်း
နာရီတွေ အိတွဲကျတဲ့ နေ့တွေ နှင့်
မြို့ပြရဲ့ တောနက်ထဲ
အူသံတွေ တောထ
အန္ဓ တို့ရဲ့ မိုက်မဲမှုက
၃၁ ဘုံလုံး အပိုင်စားရတဲ့
မျက်နှာပေါက်မျိုးပ


ဒီတနွေ
"မေ" ဟာ အပူဆုံးပဲ
အနောက်တောင် မုတ်သုတ်လေတို့
ဒုန်းစိုင်း မဝင်ရောက်လာမှီ
ခင်းကျင်းပြထားတဲ့ အရေပြားတွေ
အပြေး ၊အလွှား ရုတ်ရ ဦးမယ်


ဗလာကျင်းနေတဲ့
စိတ်တွေကို လျှော်ဘို့
ဒီနှစ် မိုးဦး ကောင်းပါစေ
အိပ်တန်းပြန် တိမ်အုပ်တွေကို
ဖမ်းဆုတ် ကိုင်ထားလိုက်ပါ


ဒါဏ်ရာပြင်းလို့
ဥတု ၃ ပါးစလုံး
မီးထတောက် ပြနေရတာပါ
အမှန်တရား ရဲ့ မျက်နှာစာ တဖက်ကို
ကျားနာ တကောင်ရဲ့ လက်သည်းနဲ့
ကုတ်ဖဲ့ ၊ ဆွဲဖြဲ ပစ်ချင်နေမိတယ် ...။



မောင်ဖုန်းမြင့်

No comments: