Saturday, September 26, 2009

နိုဝင်ဘာမှာပဲမီးပိတ်လိုက်တယ်

လေဟာနယ်ထဲ
လွင့်ပါမျောရပြန်ပြီကွယ်
ဟေမန္တရာသီမှာ
နင့်အပြုံးတွေဟာ
ဗုံးတွေလို တဝုန်းဝုန်းကွဲတယ် နိုဝင်ဘာ


ဧရာဝတီ ၊ ဂင်္ဂါ ၊ ယမုံနာ
အဲ့ဒီမြစ်တွေလို ငါမစီးဆင်းချင်ဘူး
နင့်ရင်ခွင် မြစ်ကျဉ်းလေးထဲမှာပဲ
အလျှားလိုက်ကူးချင်တဲ့ကောင်ပါ


နင့်လက်ချောင်း မှန်အိမ်လေးထဲက
မျက်လုံးပြူးပြူး ရွှေငါးလေးဟာလဲ
ငါပါပဲကွယ်


နင့်မျက်ခုံး တောတန်းမဲမဲလေးထဲ
မျက်စိလည် လမ်းပျောက်ခဲ့ရပြန်ပါပြီကွယ်


ဓါးမြှောင်တလက်လို
ဖွေးကနဲလက်တဲ့
နင့်ပါးချိုင့်ခွက်လေးထဲမှာပဲ
အိပ်စက်ချင်နေမိတယ်


နင့်မျက်စောင်းလေးတချက်ဟာ
တတောင့်ပစ်ချတိုင်း တခါသေလိုက်ရတဲ့
အော်တိုမက်တက် ရိုင်ဖယ်


နင့်ရင်အုံလေးဟာလေ
ငါသေရင် မြုပ်နှံရမယ့် သင်္ချိုင်းမြေပုံလေး


နင့်မျက်နက်ဝန်းကလေးက
ဘယ်တဘက် ၊ ညာတဘက်
ငါ့ကို ဂျောက်ကနဲ ထူးခတ်လိုက်တဲ့
ခြေကျဉ်းရာလေးတွေပါ



နင့်ဆံပင် အရည်အတွက်ရှိသလောက်
နင့်ရင်ခွင်အကျဉ်းထောင်ထဲမှာ
နှစ်ရှည်ပြစ်ဒါဏ် စီရင်ချက် ကျခံချင်နေမိသူပါကွယ်


နင့်တောင်စွယ်မှာ
နေကွယ်ပြီဆိုမှဖြင့်
ငါကိုယ်တိုင် ရဲဝံ့တဲ့ခြေလှမ်းနဲ့
နင့်ကြိုးစင်ပေါ်တက်လိုက်ပါ့မယ်
ငါ့ကို အသေသတ်လိုက်စမ်းပါ နိုဝင်ဘာ ။ ။



ဖုန်းမြင့်



9 comments:

လင်းဒီပ said...

အားပါးပါး ကဗျာအဆုံးမှာ ထိုင်ရက် ကျလဲသွားတယ်..လန်းတယ်ဗျာ.....။

Anonymous said...

ဟား...ကဗျာတွေကတော့ မိုက်ပြီးရင်းမိုက် ပဲ...
ဒီကဗျာက ဆက်စီ ( sexy ) ကျလိုက်တာဗျာ...
မျက်ခုံး မျက်လုံး လက်ချောင်း ပါးချိုင့် ရင်အုံ ( အောင်မြတ်လေး ကြက်သည်းတောင် ထတယ် )
တော်သေးတယ် အောက်ဆက်မသွားလို့ ....း)
မောင်ဖုန်းမြင့် ခင်ဗျားကို ကျုပ် နာမည်ပေးလိုက်မယ်
ဆက်စီ ကဗျာဆရာ လို့ ဟီး..ဟီး

အခုတလော ခင်ဗျားကဗျာတွေမှာ ဓါး ကလည်း ပါသေး... ဘာဓါးလဲဗျ...ဂျပန် ဆူရှီလုပ်ရင် ငါးလှီးတဲ့ဓါးဆို ပိုကောင်းမယ်သိလား....

ကဗျာရေးထားတာတွေ ကောင်းလွန်းလို့ ကဗျာရေးနည်းလေး သင်ပေးပါဦး...

mie nge

kohan said...

လာဖတ်ပါတယ်အကို

Angel Shaper said...

နိုဝင်ဘာ စိန်ခေါ်ပွဲကြီးပါလားးးးးးးးးးးး
ကောင်းလိုက်တဲ့ ကဗျာ....
သိပ်သဘောကျတယ်ဗျာ...........

mirror said...

ထိရှပြတ်သားလာပြီ။ဟိ။:)
တခြားတော့ မပြောတတ်တော့ဘူးဗျာ။

က+ဗျာ+လှည်း said...

ဒီကဗျာလေး အရမ်းခိုက်တယ်ဗျာ...

MANORHARY said...

နေကွယ်အောင် မစောင့်ခိုင်းပါနဲ့ကွယ်
ခမျာအပြန်ခက်နေပါ့မယ်း)

YoungGun said...

နိုဝင်ဘာဆိုတာ ကောင်မလေးဆိုလို့ကတော့ အတော်ဆွဲဆောင်မှု ရှိမယ့်ပုံပဲ။ တတောင့်ပစ်ချတိုင်း၊ တခါသေလိုက်ရတဲ့ အော်တိုမက်တစ် ရိုင်ဖယ်..ဆိုတော့ကာ ကျနော်ရန်းဂန်းနဲ့ တစ်ပွဲတလမ်း အကဲစမ်းချင်သေးသဗျာ။

အိုင်လွယ်ပန် said...

ရည်းစားစာရေးနည်း က အစ်ကို့ဆီက ကျွန်တော်သင်
ရ မှာဗျ .. နိုဝင်ဘာ ဆိုလို့သာတော်တော့တယ် :)