Wednesday, February 24, 2010

အလွမ်း



( ၀မ်းနည်းကြေကွဲ ရခြင်း ၊ ကိုယ်စိတ် နှလုံး ညိုးနွမ်းရခြင်း တို့သည်
ချစ်ခြင်း သာလျှင် အမွန်အစ ဖြစ်ကုန်၏ ။  ) (ဓမ္မပဒ)

ညက ..ညကိုလွမ်းတယ်
အလွမ်းက...အလွမ်းကို လွမ်းပြန်ရော
အလွမ်းရဲ. အရောင်ကို......အရောင်တွေနဲ့ပြန်လွမ်းတော.
အလွမ်း......ရဲ.ပြဇတ်က အလွမ်း ခန်းဆက် ရှည် ကတယ်....

အလွမ်းမှာ.. အလွမ်းရဲ. သံတူကြောင်းကွဲ မရှိဘူး
အလွမ်း ဟာ... ဇီဝိန်ကြွေတော့မဲ့ ငါးလို ဖျတ်ဖျတ်လူးနေတယ်
အလွမ်းဟာ....သူစိုက်ပျိုးသမျှ သူ့ရိတ်သိမ်းတယ်
အလွမ်းဟာ.. သူ့ခွန်အားအတွက်
သူ့ရဲ့ အလွမ်းတွေကိုပြန်လည်စားသုံးတယ်

အလွမ်းဟာ... နက်စ် ကော်ဖီနဲ့ စီင်္းကရက် ကြိုက်တယ်
အလွမ်းက....သူ့ ကိုယ်သူ အနုပညာစိတ်ရှိသူ လို့ထင်နေတယ်
တခါတရံ..... ဗီသိုဗင် ယောင်ဆောင်တတ်တယ်
မောင်ချောနွယ် ယောင် ဆောင်တတ်တယ်  
ပေါ်ဦးသစ်လို.ထင်အောင် ဟန်ဆောင်လာတတ်တယ်............

အလွမ်းက...
သူ့ရဲ့အတိုင်း၊ အရှည်ကို မြစ်တစ်စင်းနဲ့ ခိုင်းနှိုင်း တတ်တယ်
ထုထည်ကိုတော. သူကိုယ်တိုင်တောင် မမှန်းဆ တတ်ဘူးတဲ့

အလွမ်း က .....
သူဟာပျော်ဝင်တတ်သူပါတဲ့
ပုံစံမဲ့ စီးဆင်းတတ်သူလို.ပြောတယ်.....

အလွမ်း ဟာ.....
ရီဝေေ၀ ညနေခင်းများနဲ.
အိမ်ပြန်ချိန်လည်း နောက်ကျတတ်သေးတယ်

ဒီလိုနဲ့  ....
အလွမ်းဟာ လူလား မြောက်လာ ခဲ.တယ်...........။

မောင်ဖုန်းမြင်. (2.03.2008)

( ၂၀၀ဂ ခုနှစ်တုန်းက ရေးခဲ့တဲ့  ကဗျာဟောင်းလေး တပုဒ်ပါ ..  ဆားချက်တယ် ပဲပြောပြော  ခုအချိန်မှာ တစုံတရာကို  စူးစူး ရှရှ လွမ်းနေလို့  ပြန်တင်လိုက်တယ် .. ။ )


8 comments:

Anonymous said...

ငါ့ကိုလွမ်းတာတော့မဟုတ်လောက်ပါဘူး-

ဂျူနို said...

ဘာမှ မပြောခဲ့ရင် ဒုစရိုက်မှု ကျူးလွန်ရာ ကျမှာစိုးလို့ ပါ။:)))
ချွေချွေတာတာ လွမ်းပါလေ ဖျတ်ဖျတ်လူး မလွမ်းပါနဲ့။

thitkaungeain said...

ဆားချက်တယ်ဆိုတဲ့စကား
ဘလော့တွေပေါ်မှာခေတ်စားတယ်
ပုံပြင်ထဲကလိုတော့ ဆားမချက်မိစေနဲ့ပေါ့ကွာ
(ခွေးနဲ့ကြောင်တည့်အောင်နေကြကွာ မလန်းဘူး)

mirror said...

ခင်ဗျားကြီး ဒါမျိုးလေးတွေပဲတင်စမ်းပါလားဗျာ... :)

ကိုလူထွေး said...

လွမ်းတယ် ဝက်မရယ်...

နင့်ရဲ့ ကော့ကန်လန်ထွက်နေတဲ့ နှုတ်ခမ်းတစုံကို လွမ်းတယ်...
နင့်ရဲ့ ကြီးမားထောင်လွှား နားနှစ်ဘက်ကို လွမ်းတယ်...
နင့်ရဲ့ သွက်လက်ချက်ချာ လျှာရသာကို လွမ်းတယ်...

နင့်ရဲ့ ရင်အုပ်ဖွံ့ထွား နှလုံးသားကိုလွမ်းတယ်
နင့်ရဲ့ အဆီထူထူ ဗိုက်ခေါက်ပူကို လွမ်းတယ်...
နင့်ရဲ့ ဝမ်းတွင်းရတနာ ကလီစာကို လွမ်းတယ်...

နင့်ရဲ့ ဆူးဖြိုးတစ်ဖု ပေါင်သားနုကို လွမ်းတယ်...
နင့်ရဲ့ ဖွေးဖြူတင်းကား သလုံးသားကို လွမ်းတယ်...

လွမ်းတယ် လွမ်းတယ်.. လွမ်းတယ် ကွယ်...

ဒီလိုနဲ့
အလွမ်းဟာ
ဝက်သားတုတ်ထိုးသည်ကြီးရဲ့ အနားက ဖြတ်လျှောက်သွားရင်း
သူ့ပါးစောင်ကနေ
သွားရည်တွေ တမျမျ
စီးကျလို့နေလေရဲ့...

းဝ)

(စိတ်မဆိုးကြေး)

ချစ်ကြည်အေး said...

ကလူထွေးကြီးဆီကနေ ရောက်ပါတယ်...အလွမ်းကဗျာလေး ကောင်းလိုက်တာ...ရင်ထဲရောက်သွားတယ် ဒါရိုက်ဟစ်ပဲ...:)

ကဗျာဦး said...

အလွမ်းတွေဖတ်သွားတယ်

မျှော်လင့်ခြင်း said...

အလွမ်းကဗျာကို ဖတ်သွားပါတယ်