Tuesday, September 14, 2010

Last Of Lust

နိဂုံး အဆုံးသတ်သွားခဲ့သည် ။
နိဒန်းမရှိ . . .
လေလွင့်သူ၏ အခြားဖက် မျက်နှာစာမှာ
အထီးကျန်ခြင်း တိမ်တိုက်ဖြစ်သည် ။
ကာမိကာဇေ လေယဉ်လို
မိုးစက်များ ဝမ်းနည်းဖွယ် ခုန်ဆင်းလာကြသည် ။
သေခြင်းနှင့် ရှင်ခြင်းကြားရှိ
ရွေးချယ်ခွင့် အနည်းငယ်မှာ
ယုတ်ညံ့သော ညနေခင်း၏ အူသံသာဖြစ်သည် ။
အဓိပ္ပါယ်၏ ထပ်ဆင့် အဓိပ္ပါယ် ဆင့်ပွား အနက်ဖြင့်
သိမှုအရ အောက်ပါတို့ကို အမှန်ခြစ်ပါ။


(A) ။ ။ ငုံးဆူလူမသိ (မြန်မာစကားပုံ)
(B) ။ ။ ကြက်ဆူပင် ဓရင်ထိုး
ဓါးရိုးလုပ်
ရှင်ဘုရင် ရှိရင်ခိုး
အမျိုးလုပ် ။ (ရှေးခတ်မြန်မာကဗျာ)
(C) ။ ။ သမိုင်းဦး ဘုံမြေခေတ်၌ လူသားယောကျာ်းများသည်။
နှစ်သက်ရာ လူသား အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်၍
အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းဆက်ဆံနိုင်သည် ။


အပြုံးသည် နှစ်ချိုက်စွာပြုံးသည် ။ ရောင်စုံပန်းပွင့်များ ။ ကြိုးစင် ။ ပါးစပ်ဖွာသော မိန်းမများ ။
သို့ . . . ဂျုးလိယက်ဖူးချစ် ။ ဟိုတယ် ။ မှန်ပြုတင်းမှ နေရောင်ခြည်။ အိုဗာစတေး လက်သည်းပွင့်များ။တယ်လီဖုံးမြည်သံ။ အနက်ရိုင်းဆုံးအမှောင် ။ သည်းကြိုးပြတ်ဖိနပ် . . ။

နိဒန်းပြန်စသည် . . . .
နိဂုံးသည် အဆုံးမဲ့ . . . .။

MPM

1 comment:

ရွှေရတုမှတ်တမ်း said...

(D) မျက်မှောက်ခေတ်တွင် လူသားအမျိုးသမီးများသည်
နှစ်သက်ရာလူသားယောင်္ကျား၏ဦးခေါင်းကိုပေါင်ကြား
တွင်ညှပ်၍ အိမ်ထောင်ဖက်အဖြစ်ဆက်ဆံနိုင်သည် ။