Friday, July 12, 2013

ပျားတဲ့ ပြားဟာ ပြားနေဆဲ ။






ငါဟာ နာကျင်ကြေကွဲနေတဲ့ ပျားတစ်ကောင်ဖြစ်တယ်။
ဆွတ်ပျံကြည်နှုးဖွယ်ရာ ရေဆိုးမြောင်းစီးသံကြားမှ လှဲလျှောင်းနေလိုက်တယ်။
ငါအော်ဟစ်ညှစ်ထုတ်လိုက်တဲ့ ပျားရည်ဟာ
ပျိုမေတို့ရဲ့ အလှလျို့ဝှက်ချက်
ပန်းပွင့်တွေအတွက် မျိုးဆက်ပွားဖို့ကလည်း ဝတ်မှုန်ကူးခြင်းနဲ့သန္ဓေတည်တဲ့
ပျားရည်ပဲ။
ပျားနဲ့ယင်မတူသလို
မယားနဲ့လင်၊ လင်နဲ့ မယားဟာလည်း ကွဲပြားခြားနားတယ်။
ပြည်သူ့အတွက် ပျားရည် ထုတ်လုပ်မှုစနစ်အတိုင်း
အလုပ်လုပ်တယ်၊ ကခုန်တယ်၊ ဘ၀ကို ချိုမြိန်အောင် တည်ဆောက်လိုက်တယ်။
ပျားတွေရဲ့ လှို့ဝှက်ဆန်းကြယ်မှုဟာ။ ဒဏ္ဍာရီထဲမှာ ရာစုနှစ်များစွာကြာအောင်
ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်တယ်။
မုတ်ဆိတ်ပျားစွဲထားတဲ့ ငနဲသားတွေကို ရံဖန်ရံခါ ဖျော်ဖြေမှု ပြုလုပ်ပေးရတယ်
ပျားရည်နဲ့ ၀မ်းချ အစီအစဉ် လာနေတဲ့ ရုပ်မြင်ခလုတ်တွေကို ထပိတ်ပစ်လိုက်တယ်
ဟုတ်တယ်။ ငါဟာ အဝေးထိန်းခလုတ်တစ်ခုလိုပျား
ပင်ပန်းနွမ်းနယ်လာတိုင်း ချိုင်းအောက်က အရေပြားကို ပျားရည်နဲ့သုတ်လိမ်းတယ်။
ပြောထားတဲ့ စကားမတည်ရင် ပြုတ်ထားတဲ့ ပျားဟာ ပြားသွားမယ်။
သားရှောသွားတဲ့ ပျားမ ဟာ၊ ဖုန်းခေါ်သံကြားတိုင်း တရှုံ့ရှုံ့ငိုနေတယ်။
စစ်အတွင်းက ကွဲကွာသွားတဲ့ ပျားတွေ ပြန်လာတော့
သ, မ, ထော, ပျား, တောကကျား, သက်ကား ရာကျော်ရှည်လတံ့ လို့ ဆုတောင်းပေးလိုက်တယ်။
ခေါင်းဆောင်ကြီးရဲ့ မွေးနေ့ပွဲအတွက်
မောင်တို့ဆိုလေ ပျားသကာလို ချိုလှစေ ကိတ်ကိုခွဲဝေ စားသောက်လိုက်ကြတယ်။

                                                   မောင်ဖုန်းမြင့်
                                                     10/7/2013






Friday, February 15, 2013

ဟင်းလင်းပြင်ကြီးဆိုပေမယ့် တည်ရှိမှုဟာထုထည်နဲ့ ။


နံရံတွေကြားမှာ စိုက်ထားတဲ့ အလှကပ်ပန်းပင်လို
စီးကျနေတဲ့ရမ္မက်ဟာ ၂၃ နှစ်ပိုင်းတစ်ပိုင်းစောင်းလျှက်                                 
စီးကရက်ငွေ့များကြားအကုသိုလ်တရားဟာ အငွေ့ပျံ စေတသိတ်၏ သွားရာအတိုင်း                                                               
လက်ညှိုးထိုးမလွဲ စကြာတံဆိပ်အလံတော်နားခိုစား                                                                                                        
ပူနွေးနေတဲ့ ခန္ဒာကိုယ်
အကျိုကြားထိ စီးဆင်းနေသောအသံများ                                                                                         
အိပ်ယာထက်က စောင့်ဆိုင်းနေတဲ့ မရဏဟာ အဆုံးစွန်ခံစားမှုတစ်မျိုးနဲ့  
ခေတ်မီတဲ့အမှတ်တံဆိပ်မှာ တွယ်ကပ်နေတဲ့ မှိုတစ်မျိုးရဲ့
စိုစွတ်မှုအနံ့ဟာ ကျင်ငယ်လို ဆိုးရွား   
 ရေရှိရာ အရပ်ကို မျက်နှာမှုနေတဲ့ မိန်းမပျိုရဲ့ လွတ်မြောက်ခြင်းလမ်းစဟာ
ဖဲကြိုးဝါလို လွင့်လူးနေတယ်။                                                                              
ဖွင့်ထားတဲ့ ဖျော်ရည် ပုလင်းအဝမှာ
တွယ်ကပ်နေတဲ့ ပုရွက်ကောင်ရဲ့ အရာသာဟာ ချိုမြိန်မှာလား။
လားရာအတိုင်း တွန်းထိုးသွားလာနေတဲ့ မြည်းတစ်ကောင်ဟာ
ဖန်ပေါင်းချောင်ထဲမှာရှိတယ်။ ညတွေဟာ  အလေးချိန်မပြည့် ပေါက်ပြဲလို့  
ကုန်းမြေခွဲခြားထားလည်း နယ်ခြားမျဉ်းပေါ်မှာ ရေးဆွဲထားတဲ့
ဆေးတွေဟာ ရေဆေးတွေပါလို့ ဘယ်သူပြောခဲ့လဲ။                     
 အခြားသော ဒဿနများမှ ထုံကူးထားတဲ့ ဓတ်တိုင်ဟာ
 လေထုထဲက အပူငွေ့တွေကို စုပ်ယူကာ ပြန်အန်ချတယ်။  
 ချောက်ကမ်းပါးအစွန်းမှာ ရပ်နေတဲ့ ခြင်္သေ့တွေ အော်သံလို
ငွေရောင် ရောင်ပြန်ပြားတွေ ဖိတ်ဖိတ်တောက် နေတာ တွေ့ရတယ်။                                                                                                                                           ကြမ်းပြင်မှာ လူးလှိမ့်နေတဲ့ ငါးတွေမှာ နာမည်တွေ ရှိတယ်ဆိုလည်း ရှိတယ်ပေါ့။                                                                  မျက်နှာဖုံးစွပ်တိုင်းဟာ ဗီလိန်မဟုတ်သလို
စွပ်ထားတဲ့ မျက်နှာဖုံးမှာ သွေးတွေဟာ အဝါရောင် စွန်းပေနေတယ်။    
ဟုတ်တယ် ညထဲက ညှပ်နေတဲ့ အသားစ ဟာ
ထုထည်လို ငါမက်နေတဲ့ အိပ်မက်  .. ဟုတ်တယ် ။ ဟုတ်ရင် ဟုတ်လိမ့်မယ် ။     


 မောင်ဖုန်းမြင့်     
 ၉၊ ၂ ၊ ၂၀၁၃

Saturday, February 9, 2013

ဝက်ဘ်ပေ့ခ်ျမှတ်တမ်း


ငရဲပဲလို့ ဟစ်ကြွေးနေကြ စကားပဲ၊
တီထွင်မှုအကျိုးအကြေ အစအန စိတ်အန်ဖတ်များနဲ့တကွ၊
စစ်ပွဲတွေထဲကလွင့်ပျံ့လာတဲ့ မီးပွားလို အ်ာဂလီဆန်မှု၊ 
မှုခင်းကျဆင်းရေးနှင့် နွေဦးဟာ အရူး မီးဝိုင်းခံနေရသလိုမျိုး။ 
အသွေးအသား ဆူဝေမှု၊ နည်းပညာပေါက်ကွဲမှုနဲ့ သားစပ်ခံထားရတဲ့  ရှော့ခ်တွေဟာ အရင်လို ကော်ဖီခွက်ထဲ သကြားတဇွန်းထည့်မွှေ၊ 
သမ္မာကျမ်းစာခေါင်းခု အေးဆေးနေလို့မရတော့တဲ့ အခြေအနေမှာ၊
 သိမှုအနည်းငယ်အလွန်၊ လက်မှတ်ထိုးတဲ့ လက်ဟာ မြို့ကိုဖျက်တယ် စာသားဟာ မှုန်ဝါးသွားပြီး၊
 အာလျင်ဘတ်နည်းနည်း၊ ဒီလန်တောမတ်နည်းနည်း၊ အက်ဇရာပေါင်း နည်းနည်း မိုင်တိုင်ကို လီဗာပုတ် ခုန်ကျော်လိုက်ပြီးနောက်၊
 အာရုံသစ် အထိ အတွေ့မှာ ကိုက်ခဲနေတဲ့ ဗိုင်းရပ်စ်လို ဖလာဖစ်တွေရဲ့ 
ဂူဂယ်လ်ထဲ အန်း တားခေါက်ချလိုက်တဲ့ ပီယာနိုတေးသွား မြူးကြွလာခဲ့။ 
ကျဆုံးသွားခဲ့တဲ့ အင်ပါယာကြီး တွေအကြောင်း၊
 ခွဲခွာသွားကြတဲ့ ဝိညဉ်တွေအကြောင်းရဲ့ ချီးမွန်းခန်းပွဲတော်ဟာ ထစ်အ ဓတ်ပြားစီဒီ။
 လှုပ်ရှားတက်ကြွသူ အမျိုးသမီးအဓိက ဝါဒီတွေရဲ့ အလွန်၊ 
တစ်ပိုင်းတစ်စ ကိုလိုနီ လုပ်ခံရခြင်း၊ အနုပညာမြောက် လူကုန်ကူးခြင်း၊ 
အရင်းရှင်စနစ်ရဲ့ ပူစီဖောင်း စီးပွားရေး၊ 
အသေခံဗုံးခွဲခြင်း အကြမ်းဖက်ဝါဒ၊
 ကော်ပရေးရှင်းကြီးများ၏မိုနိုပိုလီလုပ်ခံရခြင်း၊ 
သတင်းများရဲ့သားကောင် အိုင်ဒီယိုလိုဂျီ ပြောင်း နေတဲ့ ဂြိုလ်သားဟာ၊ 
ရုန်းကန်လှုပ်ရှားရမှု ထိတွေဆက်စပ် ဝန်းကျင်မှ 
အရက်၊ မူးယစ်ဆေး၊ ဟစ်ဟော့ပ်ယဉ်ကျေးမှု၊ လိင်ကိစ္စ၊ လူသားဖြစ်တည်မှုကို လေ့လာ ဆန်းစစ်လျှက်
၊ လူပြော သူပြောများတဲ့ ခေတ်စီးကြောင်းထက်၊ 
ကိုယ့်ဝပ်ကျင်း ထဲက တွားသွားထွက်လာတဲ့ အသိဥာဏ်ရဲ့ သက်ရှိသတ္တဝါတစ်ကောင်။


မောင်ဖုန်းမြင့်

Saturday, August 11, 2012

The Thought- Fox


I imagine this midnight moment's forest:
Something else is alive
Beside the clock's loneliness
And this blank page where my fingers move.

Through the window I see no star:
Something more near
Though deeper within darkness
Is entering the loneliness:

Cold, delicately as the dark snow
A fox's nose touches twig, leaf;
Two eyes serve a movement, that now
And again now, and now, and now

Sets neat prints into the snow
Between tress, and warily a lame
Shadow lags by stump and in hollow
Of a body that is bold to come

Across  clearing ,an eye,
A widening deepening greenness.
Brilliantly,concentratedly,
Coming about its own business

Till,with a sudden sharp hot stink of fox
It enters the dark hole of the head.
The window is starless still; the clock ticks,
The page is printed.

Ted Huges

Friday, July 13, 2012

စဉ်းတီတုံး




သူတို့ခုတ်သမျှဓားချက်တွေ ငါ့ဇက်ပေါ်မှာလွှားကနဲ ..လွှားကနဲ
တစ်ခါတလေ ငရုတ်ကျည်ပွေ့လိုဟာတွေနဲ့ ငယ်ထိပ်ပေါ် တဒိုင်းဒိုင်းနှက်ကြသေးတာ
သားငါးလား အမဲဟင်းလျှာလား
အကြေးခွံများနဲ့ အရိအရွဲ ချွဲပျစ်ပျစ်မှန်သမျှ
 ငါ့ရင်ဘတ်ကြီးပေါ်က ခြစ်ထုတ်ကြပေါ့
မြန်မာနိုင်ငံသားကဗျာဆရာ မောင်ချောနွယ်ပြောသလို
 သန်းပေါင်းများစွာအတွက် ထွန်ယက်ခဲ့သူမဟုတ်တောင်
မိသားစု တစ်စုအတွက်ပေးဆပ်ခဲ့ရသူပါ
အိမ်သူသက်ထား လင်ယောင်္ကျားများ ခံတွင်းမျက်စေဖို့
ဖြစ်သမျှဒဏ် င၀က်ခံဆိုခံပါ့မယ်
တုံးအောက်ကဖားလို ပြားနိုင်သမျှပြားအောင်ဝပ်လျှက်
ပေဖြစ်တုန်းခံလိုက်မယ် တူဖြစ်တုန်းနှံကြပါစေပေါ့
မိသားစုဝင်အဖြစ်အသိအမှတ်မပြုချင်နေ
ခန်းဆောင်နီများနဲ့အဝေး မီးဖိုချောင်အတွင်းခွေလျှက်
မျက်နှာသာပေးရင်တောင် ရွှေရေးပန်းကန်မတက်ပြပါဘူး…စိတ်ချ
ဝိတ်ချချင်သူ အမျိုးသမီးများလည်း သံပုံရာသီးကအစ လှီးချင်သမျှလှီးပေါ့
ကြက်သွန်ဖြူလား၊ ကြက်သွန်နီလား
 ငရုတ်သီးဆို အစို၊အခြောက် မရွေး
ငယ်ထိပ်ပေါ်တက်၊ ကတုံးပေါ်ထိပ်ကွက်သလို ဓါးနဲ့နှက်
မကျည်းသား ၊ကုက္ကိုသား၊ မယ်လမင်း၊ ဖိုင်ဘာ၊ပလတ်စတစ်
မိတ်အင်ချိုင်းနား၊ မိတ်အင်ယိုးဒယား အမျိုးအစားခွဲခြားမနေပါဘူး
အရည်အသွေးကွာလတီအပြည့်အဝ
ရိတ်သမျှ၊ လှီးသမျှ
ဒီဘ၀  ဖြစ်သမျှ
လည်စင်းခံပြလိုက်မယ်
အာဂယောက်ျား ။

မောင်ဖုန်းမြင့်

Sunday, May 6, 2012

လှေကားထစ်များပေါ်ကကောက်နှုတ်ချက်

ဘာမှကန့်ကွက်စရာမရှိဘူး
စကားလမ်းကြောင်းပြောင်းသည့်အနေဖြင့်
အတော်ကြာမှ
တိတ်ဆိတ်နေတဲ့အသံကို နားထောင်ကြည့်လိုက်စမ်း
သာယာလှပတဲ့အတိတ်တွေရကောင်းရပေမပေါ့
လှေစပ်ခိုင်းထားလိုက်တယ်
ပြောရရင်တော့
ပန်းချီကားထဲကသစ်ပင်နဲ့သစ်ပင်ထဲကပန်းချီကား
တောက်ခေါက်သံတစ်ချက်ထွက်လာတယ်
ရပ်တန့်မနေဘူး၊ အမြဲလှုပ်ရှားနေတယ်
ကျန်းမာရေးကို ဂရုစိုက်တယ်
သူကတော့ဘာမျှနားမလည်ဘူး
ငါ့ကိုယ်ထဲကအစိတ်အပိုင်းတစ်ခုလို
ဂျော်န်ကိဆိုတဲ့ကဗျာဆရာရဲ့စာအုပ်က
အင်ဂျီနီယာလုပ်ရင်ကောင်းမလားလို့ အကြံပေးတယ်
အဲ့ဒါကလည်း သူ့ထုံးစံအတိုင်း
ဂျုတီကုတ်ဝတ်ထားတဲ့ဆရာဝန်
သူတို့ကသေဖို့အချိန်တွေ ဆွဲဆန့်ပေးရုံပဲ
တံတားက ဟိုက်ဒဂါဆောက်သွားတဲ့တံတား
တောကြည့်တောင်ကြည့်လျှောက်ရင်တော့
နည်းနည်းကြာတာပေါ့လေ
ဘာစကားမှ မပြောဖြစ်ကြဘူး
ဉာဏ်ပူဇော်ခက သုံးဆယ့်ခုနှစ်သိန်းလောက်ရတာ
ရေးလိုက်ရတာ အကြောင်း၂ခုရှိတယ်
ဘာကြောင့်မှန်းတော့မသိဘူး
ကျေနပ်လို့ ပြီးမြောက်သွားတဲ့ပုံမျိုးနဲ့ ။
မောင်ဖုန်းမြင့်
(source : မြင့်သန်း၏ လှေကားထစ်တွေနှင့် အခြားဝတ္ထုတိုများမှ စာသားများ)

Monday, February 27, 2012

“စစ်” အကြောင်း သီချင်း

  တရားသည် . . .ဖြစ်စေ
  မတရားသည် . . . ဖြစ်စေ
  အသံအားဖြင့် . . . မကြားလို
  အဆင်းအားဖြင့်  . . . မမြင်လို
  ဆင်းရဲကင်း၍ ချမ်းသာခြင်း ရောက်စေ . . .
  ခလေးငယ်များနဲ့ မိခင်တွေ . . .
   ငြိမ်းချမ်းရေးတေး   . . . ဆိုပါစေ ။


         မောင်ဖုန်းမြင့်

Tuesday, December 13, 2011

4th Beyond Pressure Preformance Art Festival Myanmar, 2011






စတုတ္တအကြိမ်မြောက် ဘီယွန်းပရက်ရှာ နိုင်ငံတကာ ပါဖော်မန့် အနုပညာပွဲတော် ကို ဒီဇင်ဘာလ 1 ရက်နေ့မှ 10ရက်နေ့ အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့မှာ  ပွဲစီစဉ်သူတစ်ဦးအနေဖြင့်  ပါဝင်ခဲ့ရပါတယ် ။ 
စကထဲက ယဉ်သကိုဆိုသလို ပွင့်လင်းမြင်သာတဲ့ အစိုးရအသစ်ကြီးဟာ ဟီလာရီကလင်တန် လာတာကို အကြောင်းပြပြီး ပွဲကျင်းပခွင့် ပါမစ် ချမပေးခဲ့ပါဘူး။ ဒီလိုနဲ့ တရားဝင် ခွင့်တောင်းတာမရလဲ ဒီအတိုင်းပဲ ချတာပေါ့ဆိုပြီး ၊ ရန်ကုန်စိမ်းလန်းစိုပြေ ပန်းခြံနဲ့ မန္တလေးကန်တော်ကြီး ထဲမှာ လုပ်ခဲ့တဲ့  ဘီယွန်းပရက်ရှာပွဲက ပြည်တွင်းနှင့် နိုင်ငံတကာ အနုပညာရှင် တစ်ချို့ရဲ့ လက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


အီတလီက  Daniel Nvda Veritas Beltrani
Daniela Nvda Veritas Beltrani'


Jacques van Poppel(Holland) ရဲ့ workshop

Ferial Afiff

အင်ဒိုနီးရှားက Ferial Afiff ရဲ့ workshop

မရတ်လင်းထွန်းရဲ့ လက်ရာ ဖြစ်ပါတယ်။
မရတ်ရဲ့ လက်ရာအစိတ်အပိုင်းထဲက တစ်ခုဖြစ်တဲ့ သတိထား ရဲ့ လက်ရာ



သတိထား

အမ်မလီဖြိုး


အမ်မလီဖြိုး








Jasom Limm (Singapore)







Jasom Limm (Singapore)

ပန်းချီဆရာ အောင်မြတ်ဌေး


အောင်မြတ်ဌေး

Wen Yau (့Honkong)


Wen Yau (့Honkong)





ဖြိုးကြည်





ဖြိုးကြည်