Sunday, March 2, 2008

အလွမ်း

(၀မ်းနည်းကြေကွဲ ရခြင်း ၊ ကိုယ်စိတ် နှလုံး ညိုးနွမ်းရခြင်း တို.သည်
ချစ်ခြင်း သာလျှင် အမွန်အစ ဖြစ်ကုန်၏ ) (ဓမ္မပဒ)

ညက ..ညကိုလွမ်းတယ်
အလွမ်းက...အလွမ်းကို လွမ်းပြန်ရော
အလွမ်းရဲ. အရောင်ကို......အရောင်တွေနဲ့ပြန်လွမ်းတော.
အလွမ်း......ရဲ.ပြဇတ်က အလွမ်း ခန်းဆက် ရှည် ကတယ်....

အလွမ်းမှာ.. အလွမ်းရဲ. သံတူကြောင်းကွဲ မရှိဘူး
အလွမ်း ဟာ... ဇီဝိန်ကြွေတော.မဲ. ငါးလို ဖျတ်ဖျတ်လူးနေတယ်
အလွမ်းဟာ....သူစိုက်ပျိုးသမျှ သူ့ရိတ်သိမ်းတယ်
အလွမ်းဟာ.. သူ.ခွန်အားအတွက်
သူ.ရဲ. အလွမ်းတွေကိုပြန်လည်စားသုံးတယ်

အလွမ်းဟာ... နက်စ် ကော်ဖီနဲ. စီင်္းကရက် ကြိုက်တယ်
အလွမ်းက....သူ.ကိုယ်သူ အနုပညာစိတ်ရှိသူ လို.ထင်နေတယ်
တခါတရံ..... ဗီသိုဗင် ယောင်ဆောင်တတ်တယ်
မောင်ချောနွယ် ယောင် ဆောင်တတ်တယ်
ပေါ်ဦးသစ်လို.ထင်အောင် ဟန်ဆောင်လာတတ်တယ်............

အလွမ်းက...
သူ.ရဲ.အတိုင်း၊ အရှည်ကို မြစ်တစ်စင်းနဲ. ခိုင်းနှိုင်း တတ်တယ်
ထုထည်ကိုတော. သူကိုယ်တိုင်တောင် မမှန်းဆ တတ်ဘူးတဲ.

အလွမ်း က .....
သူဟာပျော်ဝင်တတ်သူပါတဲ.
ပုံစံမဲ. စီးဆင်းတတ်သူလို.ပြောတယ်.....

အလွမ်း ဟာ.....
ရီဝေေ၀ ညနေခင်းများနဲ.
အိမ်ပြန်ချိန်လည်း နောက်ကျတတ်သေးတယ်

ဒီလိုနဲ. ....
အလွမ်းဟာ လူလား မြောက်လာ ခဲ.တယ်...........။

မောင်ဖုန်းမြင်. (2.03.2008)

3 comments:

ThinkingHoney said...

"အလွမ်းဟာ... နက်စ် ကော်ဖီနဲ. စီင်္းကရက် ကြိုက်တယ်
အလွမ်းက....သူ.ကိုယ်သူ အနုပညာစိတ်ရှိသူ လို.ထင်နေတယ် "

အဲဒါကို ဖတ်ပြီး တုန်လှုပ်သွားတယ် :) သဘောကျလွန်းလို့ပါ .....
ကောင်းလိုက်တဲ့ အလွမ်း

mgphonemyint said...

ကျေးဇူးပါ ဟန်နီ .. စိတ်ထဲရှိတာချရေးလိုက်တာပါ

mama said...

လိုက်လဲ လိုက်ပါ့..။
ဘလော့ဂ် အမည် နဲ့ ကဗျာ...
သူများတွေလွမ်းဘို့လဲ ချန်ပေးလိုက်ဦးလေ..။