ဒီခုံတန်းလေးက ဘယ်အချိန်ကာလ ထဲကတည်ရှိနေ သလဲမသိ သေချာသည်က
ကျွန်တော်တို. ဒီတိုက်ခန်းလေး တွေကို ပြောင်းမလာခင် နှစ်ကာလတော်တော် ကြာကြာက ပင် တည်ရှိနေတာဖြစ်မည် ။ ဘယ်သူဘယ်ဝါ ဆောက်လုပ်သွားမှန်း
မသိရ ကျနော်တို့တိုက်တန်းလေးရဲ့ အစွန်း အ၀င်အထွက်ပေါက်နားလေးမှာ ဖြစ်သည် ။
ခုံတန်းလေးကို ဘိလပ်မြေနှင်. ပုံသွင်းဆောက်လုပ်ထားပီး အပေါ်ယံမျက် နာပြင်ကို ကြွေပြားကြမ်း လေးတွေကပ်ထား သည် နောက်မှီမပါပါ အရောင်က
ညိုညစ်ညစ် နဲ.ဘယ်လိုမှ ရိုမန်တစ်မဖြစ်ပါ အမြင်.ကတစ်ပေခွဲ နှစ်ပေခန်.သာ သူ.အပေါ်. ထိုင်ချင်လျှင် ရန်ကုန်က လမ်းဘေးဆိုင်လေးတွေမှာ ထိုင်သလို ခြေထောက်ချထိုင်မှ အဆင်ပြေသည် ။
ခုံတန်းလေးမှာ သက်မဲ့ပင်ဖြစ်သော်ငြား တိုက်ခန်းတွဲလေး ၏ ရာဇ၀င် နှင်. ဒီတိုက်ခန်းတွဲလေးမှာ နေထိုင်ခဲ.ဘူးသော လူသားများ၏ ပျော်ရွှင်မှု ၊ ၀မ်းနည်းကြေကွဲမှု၊ လွမ်းဆွတ်တမ်းတမှု တွေကိုမျှဝေခံစားခဲ.ဘူးသည်။
ခုံတန်းလေးရဲ. အစည်ကားဆုံးအချိန်မှာ ခြေခင်းလက်ခင်း သာသောနေ့
များ၏ညနေခင်းများ ပင်ဖြစ်သည် ၊ နေရောင်ခြည်ဖြာသော ညနေခင်းလေပြည်
ညင်းများ ကြား တိုက်တန်းလေးမှ ကလေးငယ်တွေ ပြေးလွားဆော.ကစားနေလျှင် ခုံတန်းလေးမှာ ပျော်ရွှင်ရယ်မောကာ သူ၏အပေါ်တွင် ထိုင်နေသော ကလေးငယ်တို့၏ မိခင်များနှင်အတူ ငေးကြည့်နေတတ်သည် ...။
နံနက်ခင်း ကျောင်းသွားချိန် မှာတော. ခုံတန်းလေးက ကလေးများ၏ ကျောင်းလွယ်အိတ် ၊ထမင်းဗူး များနှင်.တကွ ကလေးငယ်များကိုပါ ချီပိုးရင်း
ကျောင်းကြိုပို့ကား မလာမချင်း စိတ်ရှည် လက်ရှည် စောင်.နေပေးပြန်သည် ။
ဒီခုံတန်းရှည်လေးက မိုးစုတ်စုတ်ချုပ်မှ အလုပ်က ပြန်လာသော ကျနော်တို.
အတွက် စိတ်ဝန်ထုပ် ဝန်ပိုးများ ပစ်ချပြီး အာရုံများ အညောင်းဆန်. အပန်းဖြေ စရာနေရာလေးလဲ ဖြစ်သည် ။
တခါတရံ ဇာတိမြေကို လွမ်းဆွတ်သည့်ညများမှာ ကျနော်တစ်ယောက်ထဲ
ခုံတန်းရှည်လေးထက် ထိုင်ကာ ညကောင်းကင်ကြီးကို မော.ကြည်.ရင်း
အိမ်လွမ်းသူသီချင်းလေး ညည်းတော. သူက တိတ်ဆိတ် ငြိမ်သက်စွာ နားလည်
ပေးခဲ.ပြန်သည်။
တိုက်တန်းလေး ရှေ့က လမ်းမထက် တစ်ပတ်တစ်ကြိမ် ညဈေးတန်းရှိ
သည်.ရက် ရောက်လျှင် ခုံတန်းလေးမှာ စိတ်ညစ်ညူးရသည် ဈေးသည်
များ ၏ အော်သံ ၊ညှော်သံ ၊မီးစက်သံများ ၊အိတ်ခွံများ၊ဆေးကြောသန့်စင်
ထားသည်.ရေညစ်များဖြင်. ပေပွညစ်ထေးနေတတ်သည် ။
ကျနော်တို.တွေ လူစုံတတ်သည်. လခထုတ်ရက်လို နေ.မျိုး ရီဝေဝေ
ညနေခင်းများ ဝယ်ယူစားသုံးသည်.အခါ ကျနော်တို့နဲ့အတူ ခုံတန်းလေးက စိတ်လှုပ်ရှား တက်ကြွစွာ ယိမ်းထိုးကခုန်တတ်သည်။
ထိုသို.ဖြင်. ခုံတန်းလေးနှင် ကျနော်တို့ရဲ. ဆက်ဆံရေး က နွေးထွေးစွာ
ရင်းနှီးကျွမ်းဝင်လွန်းလှသည် ။
မှတ်မှတ်ရရ ထိုနေ့က ကျနော်တို. ခုံတန်းလေးထက်မှာ ထိုင်နေတုန်း ဆိုင်း
မဆင်.ဗုံမဆင်. မိုးကသဲသဲမဲမဲ ရွာချသဖြင်. ကိုယ်.အခန်းရှိရာသို့ အမြန်ပြေးကြ
ရသည် ။ မိုးက တစ်ညလုံး မတိတ်သည်.အပြင် လျှပ်စီးများလက်ကာ လေကြမ်း
များပင် တိုက်ခတ်လာပါသည် ။
နံနက်ခင်း မိုးစဲ၍ အလုပ်သွားရန် လှေကားမှအဆင်း အမှတ်မထင် ကျနော်.မိတ်ဆွေလေးရှိရာ လှမ်းအကြည်. ကျနော်တို.မိတ်ဆွေ ခုံတန်းရှည်လေးမှာ
အလဲလဲအပြိုပြို ဒါဏ်ရာဗရပွဖြင်. ပြိုလဲကျနေပါသည် ။
ဘယ်လိုများ ဖြစ်ပါလိမ်.ဗျာ........“...ညကမိုးမှောင် ထဲ အမှုက်သိမ်းကား တိုက်သွားတာဗျ ” ....အတူနေအခန်းဖော်ရဲ. စကားသံကို ကြားသိလိုက်ရပါသည်
ထိုနေ.ကကျနော်. မိတ်ဆွေ လေးရဲ့ဈာပန အခမ်းအနားသို. ကျနော် မတက်ရောက်တော.ပါ...............။
မောင်ဖုန်းမြင့်(၈.၀၃.၂၀၀၈)
4 comments:
အကိုရေ..ရေးတတ်တော့ဖတ်ရတာလွမ်းစရာ
လေး။
ဖတ်လို့ကောင်းတယ်။ အကြောင်းအရာ ရိုးရိုးလေးကို ဖတ်ချင်အောင် ရေးထားတော့ ခုံတန်းလေးက ပိုပြီး ကရုဏာသက်ချင်စရာ ဖြစ်သွားတယ်။
အရမ်းကောင်းတယ်ဗျ
ခုံတန်းလေးအကြောင်း ကဗျာရေးဖူးတယ်
waiting for someone who will never come ဆိုပြီး
ဒီဝတ္ထုလေး အရမ်းကောင်းတယ်
ကိုစေး ၊ ဟန်နီ ၊ မြန်မာပြည်ကို လွမ်းသူ
တို့ရေ ကော်မန်. အတွက် ကျေးဇူးအထူးပါဗျာ
Post a Comment