Sunday, March 23, 2008

ဘလောက် နာအတွက် ဆန္ဒခံယူပွဲ

ခောတ်ပေါ်ရောဂါ
ဘလော.နာသည်
ကုရာနတ္တိ ၊ ဆေးမရှိတည်း

အားတက် ၊ကြိုးပမ်း
ရေးကွက် စမ်းမူ
အကြင်သူသည်
ခါးမျက် ၊ခေါင်းထိုး
ရောဂါတိုးလျှက်
အလုပ်ရှင်ဆူ
နားပါပူသည်
မှတ်ကြ ဘလော.ဂါ အကျိုး တည်း.......။


(ရှင်မဟာဖုန်းမြင်.)

အော်..မောင်ဖုန်း ...မောင်ဖုန်း..လူကိုကြည်.တော. ဘာကောင်မှမဟုတ် ကွန်ပျုတာလေး ချောက်တီး ချောက်ချက်နှိပ်တက်ရုံ၊ယင်းဂလိပ်စာကိုခွေးအလှည်းကျိုးနင်းသလိုဖတ်တတ်ရုံလေးနှင်.မိမိကိုယ်ကိုယ် အထင်ကြီးကာ
ဘလော. တစ်ခုပြုလုပ် ဖန်တီးလေ၏။

အနှီ မောင်ဖုန်းဆိုသည်. ဂယောင်သည် ဘလော.တစ်ခု ဖန်တီးပြီး သည်.အချိန်မှ စ၍ သူကိုယ်သူ စီတီဇင် ဂျာနယ်လစ် ဟု သွေးနထင်ရောက်ကာ နေရာတကာ စပ်စပ်နှင်. အကုန်ဝင်ပါလေ ၏ ။ လမ်းထိပ် အမှိုက်ပုံက
ခွေးနှစ်ကောင် ကိုက်သည်ကို ဓါတ်ပုံရိုက်ကာ ပို.စ် တင်မည် လုပ်စဉ်ခွေးများမျက်စိ နောက်ကာ ၎င်းအားလိုက်
ကိုက် ကြသောကြောင်.ဖနောင်.နှင်. တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးခဲ.ဘူးလေသည်..။

ဒင်း၏ဘလော.ခေါင်းစီးကိုလည်း မတန်မရာ လွမ်းရိပ်မြုံ ဟုကင်ပွန်းတပ်ကာမြန်မာပြည်မှာ ကျန်ရစ်သူ ရည်းစား
နှင်.အကြွေးများ ၊ဆွေးမြေ.ပျက်စီးသွားသော ကွက်ပျစ်များကို အကြောင်းပြုကာစာတိုပေစ များရေးဖွဲ.၍ ဘလော.ဖတ်သူခုနှစ်ရက် သားသမီး အပေါင်းတို.ကိုမျက်စိ ဒုက္ခပေးခြင်း ၊စိတ်ဒုက္ခပေး ခြင်းတို.ကို အကြိမ်ကြိမ်
ပြုလုပ်လေ၏။


ထိုကဲ.သို.သော သူကောင်.သားက ဘလော.စစလုပ်ပီး တစ်ပတ်ခန်.အထိ ဖနောင်.သံစူးထားသလို လမ်းလျှောက်လျှင် ကြွစောင်းစောင်း ဖြစ်နေသောကြောင်.အလုပ်ရှင်ကပင် ဒီကောင်ကို အခုတစ်လောကြည်.ရ
တာ အချိုးကို မပြေဘူးဟု မှတ်ချက်ပေးခြင်းခံရလေသည် ။

ဒါလောက်နှင်.တော.ဒင်းက မမှတ်၊ မနက်ခင်း ရုံး ခန်းဖွင်.ပြီး သည်နှင်. လခပေးထားသော အလုပ်ကို အရင်
မလုပ် ကွန်ပျုတာရှေ.ထိုင်၍အလုပ်ရှုပ်ချင်ယောင်ဆောင်ကာ မီးလျှံမြေခွေး ကိုအဖော်လုပ် ပြီး ဘလော.တကာ
လှည်.တော်ကီ ပွားလေ ၏ ။

သိသိမသိသိ အလှုအိမ် ဆိုရင်ဝင်စားလို. ရတာပဲဟူသော မျက်နာပေး ဖြင်.စီဗောက်တကာတွင်အရှက်မဲ. စွာ ဝင်
ရေးတတ်သေးသည်။“ဟေ.မင်းတို.အလှု ငါလာတယ်နော် ငါ.ဘကြီးရက်လည် များများလာကူ”ဟု ဘိန်းစားဥာဏ်
နှင်.ကွန်.မန်.ခြေရာများစွာ ချန်ရစ်တတ်သူတည်း။

အမှန်စင်စစ် ဒင်းက ဖင်မနိုင် ပဲ ပဲဟင်းစားမိသူပင် ၊ဆင်ခေါင်းကို ဟိုအကောင် ချီထားသလို ဒင်းနင်.ဘလော.၊ ဘလော.နှင်.ဒင်း အိုးနင်းခွက်နင်း ဖြစ်နေသည်မှာ ပိုလီယို ဓါတ်လိုက် ၊ကပ္ပလီကို ခွေးကိုက်ထားသည်.နှယ်ကြည်.
ရသည် မှာရယ်ဖွယ်အလွန်ကောင်း နေသည် ။

ဖြုတ်သာသာ ဦးနှောက် ကလေးနှင်.မတွေးတတ် မရေးတတ်တော.လျှင်အလုပ်မအားသေး အကြောင်းပြချက်
ပေးကာ ၊ထမင်းကျွေးနေသော အလုပ်ကိုပင် ဘလော.ရေးဖို. အချိန်မပေးရကောင်းလား ဟု အပြစ်တင် ကြိမ်း
မောင်းတတ်သေးသည်။

ဤကဲသို.အူတူတူ ၊ကြောင်တောင်တောင် နှင်. အင်မတိ အင်မတန် ဂွတီးဂွကျ နိုင်လှသူဘလော.နာ မောင်ဖုန်း ဆိုသူအား
မည်ကဲ.သို. ပစ်ဒဏ်ပေး ရင် ကောင်းမလဲဆိုသည်ကတော. ဘလော.လာသူ သူတော်ကောင်း အပေါင်းတို.ဆီက
ပဲ ဆန္ဒခံယူ မဲခွဲ ဆုံးဖြတ်ဖို. အကြံပြုတင်ပြအပ် ပါသည် ဘလော.ဂါ အနွယ်ဝင် သူတော်စင် အပေါင်းတို.ခင်ဗျား

(ဘာရယ် မဟုတ်ပါဘူး လာဖတ်တဲ.သူတွေ ပျင်းမှာစိုးလို. ရီစရာရေးကြည်.တာ ပေးချင်တဲ. ပစ်ဒဏ်တွေ ကွန်.မန်. မှာရေးခဲ.ကြ နော်)

6 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

အနှီရှင်မဟာဘုန်းမြင့်အား၊တစ်နေ.ပို.စ်အသစ်
တစ်ပုဒ်တင်စေသတည်း။ဟီးဟီး(ကြုံတုံးစာရေး
ပျင်းတဲ့လူကြီးကိုချွန်ခဲ့မယ်)

မေမိုးမခ said...

အရှင်မဟာဖုန်းမြင့်ကို တစ်ရက်ပြီတစ်ရက် ပိုစ်တွေများများရေးနိုင်ပါစေ လို ပြစ်ဒဏ်ပေးလိုက်ပါသည်။

စိုးထက် - Soe Htet ! said...

ကောင်း၏ မှန်လိုက်လေ .. :P

ပန်းခရေ said...

ရှင်မဟာဖုန်းမြင့်
္မဤလိုဘလော့တကာလှည့်လည်၍
အလှုတွင်အလကားရသော အစားများကို
တပိုးနင့်အောင်ဝင်စားခြင်း
ဘလော့ဂါများကို ခင်မင်ခြင်း
အလွန်တရာလှပသောခေါင်းစဉ်ကိုပေးထားခြင်း
အလုပ်မလုပ်ခင် ဘလော့ရေးခြင်း
တို့ကြောင့်
မောင်ဖုန်းတစ်ယောက်ပို့စ်များစွာကိုလှပသက်ဝင်စွာဖန်တီးနိုင်ခြင်း
ခင်မင်သောဘလော့ဂါမိတ်ဆွေအဖြစ်သတ်မှတ်လိုက်ကြောင်း
ပြစ်ဒဏ်ချမှတ်လိုက်သည်.........။
ပုံ/

ဘလော့ဂါ
ပန်းခရေ
း)

Anonymous said...

အရှင်မဟာဖုန်းမြင့်အားတစ်နေ့တပို့မတင်ပါက--နအဖစစ်သားများအားစာသင်သည့်အလုပ်ကိုလုပ်ရမည်ဟုကြီးလေးသောပြစ်ဒါဏ်ချမှတ်လိုက်သည်

ဘ၀ချဉ်မင်းကြားကြီးအမိန့်တော်

mama said...

... ဘ၀တူ တွေ ဖြစ်နေတော့...

အင်း... ဘယ်လိုအပြစ်ပေးရပါ့...။