မနေ့ညက အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို မောင်ဖုန်း အထူးတန်းက နေကြည့်ခွင့် ရခဲ့ပါတယ် ..။ ဟဲဟဲ .. အထင်ကြီးသွားလား အထူးတန်းဆိုတာ လူတွေအားလုံး စုကြည့်တဲ့ တီဗီရှေ့နားလေးမှာ ကော်ဖီတစ်ခွက်နဲ့ စီးကရက်လေး ဖွာရင်း ကြည့်တာကိုပြောတာပါ..။ ဘယ်လိုလုပ်ပြီး စိနတိုင်းကို သွားကြည့်နိုင်ပါ့ မလဲခင်ဗျာ ။
ဒီလောက်ဈေးတွေ ခေါင်ခိုက်နေတဲ့ဟာ ။ ပြောမဲ့သာပြောတာပါ ကွင်းထဲက သွားကြည့်ရင်တောင် ဒီလောက်မြင် ကွင်းကကောင်းမှာမဟုတ်ဘူး အခုတော့ ကိုရွှေကင်မရာမင်းက အနီးကပ်ရိုက်ပြလိုက် အဝေးကြီးက ရိုက်ပြလိုက်ဆိုတော့ဖွင့်ပွဲကျင်းပရာငှက်သိုက်(သတင်းတွေ ထဲမတော့Bird's Nest လို့ရေးထားလေရဲ့)အားကစားရုံကြီးကို ဒေါင့်စုံဘက်စုံ ကမြင်ကွင်းကောင်းကောင်းနဲ့ မြင်နေရတာပေါ့ဗျာ ။
ဖွင့်ပွဲအခမ်းအနား မှာတော့ကျနော်တို့ဆွေမျိုးပေါက်ဖော်တွေက ထွင်သလားမမေးနဲ့ ၊ ကမ္ဘာ့ ငထွင်ကြီးဘွဲ့ တောင်ပေးဘို့ ကောင်းတယ် ။ သုံးလိုက်တဲ့လူဆိုတာလဲ သောက်သောက်လဲ လူဦးရေ များတိုင်းကို သုံးထားတာ ပဲ ၊ အိုလံပစ် မီးရှုးတိုင် ထွန်းတာတောင်မှ ရိုးရိုး မထွန်းဘူး သိုင်းကားတွေထဲက လို မိုးပေါ်မှာ ပျံဝဲပြီးမှထွန်းတာ
အခမ်းအနား ကျင်းပနေတုန်း ပတ်ဝန်းကျင် က လူနေအိမ်ခြေတွေကို မီးအမှောင်ချထားတော့ မဆီမဆိုင် ရန်ကုန်ကိုတောင်ပြေးသတိရလိုက်မိသေးတယ်၊ဒီလို အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကိုဘယ်လောက်ပဲ ထယ်ထယ်ဝါဝါ ဖြစ်အောင် လုပ်ပါစေ မောင်ဖုန်း မျက်စိထဲမတော့ ရွှေဝါရောင် တော်လှန်ရေးက ဘုန်းဘုန်းတွေ ချီတက်လာတဲပုံရယ် ၊တိဗက်ဒေသ က မဟာယန ကိုယ်တော် တွေ လည်ပင်းကို တက်နင်းထားတဲ့ တရုတ်စစ် သားပုံတွေပဲ သွားမြင်နေတာဗျား ။ အကောင်းမမြင်တတ် ဘူးလို့ပြောလဲပြောပါစေတော့နော် ။
ဒါနဲ့မဆီမဆိုင်ဗျာ ဟိုက တရုတ်ပြည်မကြီးမှာ အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကို မီးရူး မီးပန်းတွေဖောက်တော့ မောင်ဖုန်းနေတဲ့ အိမ်နားလေးက မလေး တရုတ်တွေက ပါ မီးပန်းတွေထဖောက်ပါရောလား ၊ ညဘက် လူခြေတိတ်ချိန် ကြီး သူတို့က ဝုန်းဒိုင်း ၊ ဝုန်းဒိုင်းတွေ လုပ်တော့ ဘာများဖြစ်တာလဲလို့ ထကြည့်ရသေးတယ်။ ပြီးမှ ဘာမှ မဟုတ်လို့ တရုတ်လိုပဲ ဆဲလိုက်ပါတယ်။(ဟတ်ဟတ် မကြားအောင်ပေါ့ဗျာ) အင်းသူတို့လဲ သခင်မျိုးဟေ့ ဒို့တရုတ် ဆိုပြီးဂုဏ်ယူတာနေမှာပေါ့ဗျာ ။
တရုတ် စစ်တပ်က ဒရမ်သမား 2008 ယောက်က ဖွင့်ပွဲစတင်မဲ့ အချိန်ကို ရေပြီး ဒရမ်တီးနေတာပေါ့ ၊ အချိန်လဲ စေ့ရော မောင်ဖုန်းတို့ ဘဘကြီးရဲ့ဆရာ ဟူကျင်းတောင် က အားကစား ပွဲကြီး ဖွင့်လှစ် ကြောင်းကို ကြော်ငြာ တာပေါ့ခင်ဗျာ ပြီးမှ ( IOC ) ဥက္ကဌ က အာလူးတွေ ဖုတ်ပါလေရော ဘာတဲ့ "ကာလရှည်ကြာစွာထဲက ရှိခဲ့တဲ့ တရုတ်ပြည်ရဲ့ အိပ်မက်ဟာ တံခါးတွေ ဖွင့်ပြီးတော့ပြင်ပ ကမ္ဘာကို ဖိတ်ခေါ်ပြချင် တာပါတဲ့ ခုဒီည မှာဒီအိပ့်မက် ဟာတကယ် ဖြစ်လာပါပြီ " ဆိုလားပဲ မောင်ဖုန်းလဲ တတ်သလောက်လေးဘာသာပြန်ကြည့်တာ ဒင်းက ဒီလို မိန့်ခွန်းပြောတော့ မောင်ဖုန်းက လဲ ဒီကာတွန်းလေး ပြေးမြင်မိပြန်ရော
မောင်ဖုန်းတို့ အကောင်းမမြင်တတ်ပုံများ ပြောပါတယ် ၊ ဒီဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ် အပါအဝင် ကမာ့္ဘ နိုင်ငံပေါင်း ၈၀ ကျော်က ခေါင်းဆောင်များ တက်ရောက် ကြပါသတဲ့ ။ သူတို့ရဲ့ ငှက်သိုက့်ကွင်း ထဲမှာ လာကြည့်သူပေါင်း 91000 ကျော်ပြီး ရုပ်သံကြည့်နေသူ တစ်ဘီလီယံ ကျော်ပါသတဲ့ ဒါတောင် မောင်ဖုန်း တို့ကို ထဲရေ ချင်မှရေ မှာ ၊ ဒရမ်သမားတွေ တီးတဲ့ သီချင်းက ဘာတဲ့ "မိတ်ဆွေတွေ အဝေးကြီး က လာတော့ ဘယ်လောက် ပျော်ဘို့ကောင်း လဲ ငါတို့တွေ တဲ့ " ပျော်မှာပေါ့ဗျာ ဧည့်သည် တွေပါလာတဲ့ ဒေါ်လာငွေတွေ က နည်းမျိုးစုံနဲ့ သူတို့ အိတ်ထဲရောက်တော့မှာကိုး ။ ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တေးသရုပ်ဖော်တော့လည်း ကမ္ဘာ လုံးကြီးပေါ်မှာ အဖြူမနဲ့ တရုတ်ကြီး တစ်ယောက် တရုတ်သီချင်း ကို စွဲစွဲငင်ငင် ဆိုပြီး မျက်ရည်ချုသေးတာ ကိုး
ပြီးမှ ကမ္ဘာလုံးကြီးက တရုတ်မီးအိမ်ကြီးလို ဖျတ်ကနဲ ပြောင်းသွား တော့ ဒီတရုတ်တွေ ကမ္ဘာကို စိုးမိုးတော့ မဲ့နိမိတ် များလားလို့ စိုးရိမ် မိသေးတယ် .. .
ယခု 2008 ခုနှစ် အိုလံပစ်ပွဲကြီးရဲ့ ကုန်ကျစရိတ်ပေါင်းဟာ အမေရိကန် ဒေါ်လာ 43 ဘီလီယံ ရှိပါသတဲ့ ပြီးခဲ့တဲ့ ဂရိနိုင်ငံ အေသင် မြို့မှာ ကျင်းပတဲ့ အိုလံပစ်ထက် 15 ဘီလီယံ ပိုမို သုံးစွဲထားပါသတဲ့ ခင်ဗျာ ။ အင်း..မောင်ဖုန်း ကတော့ အဲဒီငွေတွေ ယူပြီး နာဂစ်ကြောင့် ဆုံးရှုံးသွားတဲ့ မြန်မာပြည်က ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ချင်တာပါပဲ ။ ကိုယ်ဘာသာတော့ နှစ်သိမ့်ထားရတယ် နေဦး ငါ IOC ဥက္ကဌဖြစ်ရင် မြန်မာပြည်မှာ အိုလံ ပစ်ုပြိုင်ပွဲလုပ်ပြီး ရန်ပုံငွေရှာပစ်မယ်လို့ ။
အာကစား သမားတွေ အလံကိုင်ပြီး ငှက်သိုက်ရုံကြီးထဲ ချီတက်လာတော့ ကျနော်တို့ မြန်မာနိုင်ငံ အလံကို ဘယ်သူ ကိုင်လာမှာလဲ လို့ စိတ်ဝင်စားပြီး မျက်လုံးကို ပြူးပြဲနေအောင် လိုက်ကြည့်သေးတယ်ခင်ဗျ ၊ မောင်ဖုန်း ပဲအကြည့်မှားသလား ၊တပိုတပါးထသွားတုန်း ကပဲ ဖြတ်သွားသလားတော့ မသိလိုက်ဘူး မြန်မာအလံကိုင် ပြီးချီ တက်လာတာ မတွေ့လိုက်ဘူး ဗျာ တော်တော် ဆိုးတဲ့ ကင်မရာသမားတွေ ။ စိနတိုင်းသားတွေ ချီတက်လာတုန်း တော့ အမေရိကန် NBA မှာ နာမည်ကြီးနေတဲ့ ဘတ်စကတ်ဘော ကစားသမား Yao Ming က (ဒီမောင် နာမည်ကို မောင်ဖုန်း လဲအသံမထွက်တတ်ဘူး ) အရပ်ကြီး ကလန်ကလားနဲ့ သူ့အသင်းကို ဦးဆောင်ပြီး ချီတက် လာတာခင်ဗျ ၊ အမေရိကန်တွေ အလှည့်ကြတော့ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေကိုပဲ အရွဲ့တိုက်လေသလား တော့ မပြောတတ်ဘူး လိုပက် လိုမောင် (Lopez Lomong ) ဆိုတဲ့ဆူဒန်နိုင်ငံကဒုက္ခ သည်အဖြစ်ထွက်ပြေးလာပြီး အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပြေးခုန်ပစ် ကစားသမားကို အလံကိုင်ပြီး ရှေ့ဆုံးက ချီတက် ခိုင်းခဲ့ပါတယ် ။ ဒါလဲ နိုင်ငံရေး လှုပ်ရှားတစ်မျိုး ပါပဲခင်ဗျာ။
ဘာပဲဖြစ်ဖြစ် တန်ဘိုးကြီးမားတဲ့ အိုလံပစ် အားကစားပွဲကြီးကတော့ နိုင်ငံတကာမှာလူ့အခွင့်ရေး ကိစ္စတွေနဲ့ ပက်သက်ရင် အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေခဲ့ ပြီး မောင်ဖုန်းတို့ တိုင်းပြည်က ဘဘကြီးတွေရဲ့ အားကိုး အားထားရာ စိနတိုင်းမဟာမှာတော့ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးပါပြီ ။ ဒီလို တန်ဘိုးကြီးတဲ့ အိုလံပစ် ပွဲတော်ကြီး ကျင်းပခွင့်နဲ့ ထိုက်တန်တယ် မတန်ဘူးဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် စောင့်မျှော်ကြည့် ရှုကြပါလို့ တိုက်တွန်းရင်း မောင်ဖုန်း သဘောကျတဲ့ အိုလံပစ် ကာတွန်းလေးတွေကို မျှဝေ လိုက်ပါတယ် ခင်ဗျာ။
....
.
်.
.
......
...
...
.
.
..
..
.
..
်ဒီလောက်ဈေးတွေ ခေါင်ခိုက်နေတဲ့ဟာ ။ ပြောမဲ့သာပြောတာပါ ကွင်းထဲက သွားကြည့်ရင်တောင် ဒီလောက်မြင် ကွင်းကကောင်းမှာမဟုတ်ဘူး အခုတော့ ကိုရွှေကင်မရာမင်းက အနီးကပ်ရိုက်ပြလိုက် အဝေးကြီးက ရိုက်ပြလိုက်ဆိုတော့ဖွင့်ပွဲကျင်းပရာငှက်သိုက်(သတင်းတွေ ထဲမတော့Bird's Nest လို့ရေးထားလေရဲ့)အားကစားရုံကြီးကို ဒေါင့်စုံဘက်စုံ ကမြင်ကွင်းကောင်းကောင်းနဲ့ မြင်နေရတာပေါ့ဗျာ ။
ဖွင့်ပွဲအခမ်းအနား မှာတော့ကျနော်တို့ဆွေမျိုးပေါက်ဖော်တွေက ထွင်သလားမမေးနဲ့ ၊ ကမ္ဘာ့ ငထွင်ကြီးဘွဲ့ တောင်ပေးဘို့ ကောင်းတယ် ။ သုံးလိုက်တဲ့လူဆိုတာလဲ သောက်သောက်လဲ လူဦးရေ များတိုင်းကို သုံးထားတာ ပဲ ၊ အိုလံပစ် မီးရှုးတိုင် ထွန်းတာတောင်မှ ရိုးရိုး မထွန်းဘူး သိုင်းကားတွေထဲက လို မိုးပေါ်မှာ ပျံဝဲပြီးမှထွန်းတာ
အခမ်းအနား ကျင်းပနေတုန်း ပတ်ဝန်းကျင် က လူနေအိမ်ခြေတွေကို မီးအမှောင်ချထားတော့ မဆီမဆိုင် ရန်ကုန်ကိုတောင်ပြေးသတိရလိုက်မိသေးတယ်၊ဒီလို အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကိုဘယ်လောက်ပဲ ထယ်ထယ်ဝါဝါ ဖြစ်အောင် လုပ်ပါစေ မောင်ဖုန်း မျက်စိထဲမတော့ ရွှေဝါရောင် တော်လှန်ရေးက ဘုန်းဘုန်းတွေ ချီတက်လာတဲပုံရယ် ၊တိဗက်ဒေသ က မဟာယန ကိုယ်တော် တွေ လည်ပင်းကို တက်နင်းထားတဲ့ တရုတ်စစ် သားပုံတွေပဲ သွားမြင်နေတာဗျား ။ အကောင်းမမြင်တတ် ဘူးလို့ပြောလဲပြောပါစေတော့နော် ။
ဒါနဲ့မဆီမဆိုင်ဗျာ ဟိုက တရုတ်ပြည်မကြီးမှာ အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကို မီးရူး မီးပန်းတွေဖောက်တော့ မောင်ဖုန်းနေတဲ့ အိမ်နားလေးက မလေး တရုတ်တွေက ပါ မီးပန်းတွေထဖောက်ပါရောလား ၊ ညဘက် လူခြေတိတ်ချိန် ကြီး သူတို့က ဝုန်းဒိုင်း ၊ ဝုန်းဒိုင်းတွေ လုပ်တော့ ဘာများဖြစ်တာလဲလို့ ထကြည့်ရသေးတယ်။ ပြီးမှ ဘာမှ မဟုတ်လို့ တရုတ်လိုပဲ ဆဲလိုက်ပါတယ်။(ဟတ်ဟတ် မကြားအောင်ပေါ့ဗျာ) အင်းသူတို့လဲ သခင်မျိုးဟေ့ ဒို့တရုတ် ဆိုပြီးဂုဏ်ယူတာနေမှာပေါ့ဗျာ ။
တရုတ် စစ်တပ်က ဒရမ်သမား 2008 ယောက်က ဖွင့်ပွဲစတင်မဲ့ အချိန်ကို ရေပြီး ဒရမ်တီးနေတာပေါ့ ၊ အချိန်လဲ စေ့ရော မောင်ဖုန်းတို့ ဘဘကြီးရဲ့ဆရာ ဟူကျင်းတောင် က အားကစား ပွဲကြီး ဖွင့်လှစ် ကြောင်းကို ကြော်ငြာ တာပေါ့ခင်ဗျာ ပြီးမှ ( IOC ) ဥက္ကဌ က အာလူးတွေ ဖုတ်ပါလေရော ဘာတဲ့ "ကာလရှည်ကြာစွာထဲက ရှိခဲ့တဲ့ တရုတ်ပြည်ရဲ့ အိပ်မက်ဟာ တံခါးတွေ ဖွင့်ပြီးတော့ပြင်ပ ကမ္ဘာကို ဖိတ်ခေါ်ပြချင် တာပါတဲ့ ခုဒီည မှာဒီအိပ့်မက် ဟာတကယ် ဖြစ်လာပါပြီ " ဆိုလားပဲ မောင်ဖုန်းလဲ တတ်သလောက်လေးဘာသာပြန်ကြည့်တာ ဒင်းက ဒီလို မိန့်ခွန်းပြောတော့ မောင်ဖုန်းက လဲ ဒီကာတွန်းလေး ပြေးမြင်မိပြန်ရော

မောင်ဖုန်းတို့ အကောင်းမမြင်တတ်ပုံများ ပြောပါတယ် ၊ ဒီဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ် အပါအဝင် ကမာ့္ဘ နိုင်ငံပေါင်း ၈၀ ကျော်က ခေါင်းဆောင်များ တက်ရောက် ကြပါသတဲ့ ။ သူတို့ရဲ့ ငှက်သိုက့်ကွင်း ထဲမှာ လာကြည့်သူပေါင်း 91000 ကျော်ပြီး ရုပ်သံကြည့်နေသူ တစ်ဘီလီယံ ကျော်ပါသတဲ့ ဒါတောင် မောင်ဖုန်း တို့ကို ထဲရေ ချင်မှရေ မှာ ၊ ဒရမ်သမားတွေ တီးတဲ့ သီချင်းက ဘာတဲ့ "မိတ်ဆွေတွေ အဝေးကြီး က လာတော့ ဘယ်လောက် ပျော်ဘို့ကောင်း လဲ ငါတို့တွေ တဲ့ " ပျော်မှာပေါ့ဗျာ ဧည့်သည် တွေပါလာတဲ့ ဒေါ်လာငွေတွေ က နည်းမျိုးစုံနဲ့ သူတို့ အိတ်ထဲရောက်တော့မှာကိုး ။ ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တေးသရုပ်ဖော်တော့လည်း ကမ္ဘာ လုံးကြီးပေါ်မှာ အဖြူမနဲ့ တရုတ်ကြီး တစ်ယောက် တရုတ်သီချင်း ကို စွဲစွဲငင်ငင် ဆိုပြီး မျက်ရည်ချုသေးတာ ကိုး
ပြီးမှ ကမ္ဘာလုံးကြီးက တရုတ်မီးအိမ်ကြီးလို ဖျတ်ကနဲ ပြောင်းသွား တော့ ဒီတရုတ်တွေ ကမ္ဘာကို စိုးမိုးတော့ မဲ့နိမိတ် များလားလို့ စိုးရိမ် မိသေးတယ် .. .

အာကစား သမားတွေ အလံကိုင်ပြီး ငှက်သိုက်ရုံကြီးထဲ ချီတက်လာတော့ ကျနော်တို့ မြန်မာနိုင်ငံ အလံကို ဘယ်သူ ကိုင်လာမှာလဲ လို့ စိတ်ဝင်စားပြီး မျက်လုံးကို ပြူးပြဲနေအောင် လိုက်ကြည့်သေးတယ်ခင်ဗျ ၊ မောင်ဖုန်း ပဲအကြည့်မှားသလား ၊တပိုတပါးထသွားတုန်း ကပဲ ဖြတ်သွားသလားတော့ မသိလိုက်ဘူး မြန်မာအလံကိုင် ပြီးချီ တက်လာတာ မတွေ့လိုက်ဘူး ဗျာ တော်တော် ဆိုးတဲ့ ကင်မရာသမားတွေ ။ စိနတိုင်းသားတွေ ချီတက်လာတုန်း တော့ အမေရိကန် NBA မှာ နာမည်ကြီးနေတဲ့ ဘတ်စကတ်ဘော ကစားသမား Yao Ming က (ဒီမောင် နာမည်ကို မောင်ဖုန်း လဲအသံမထွက်တတ်ဘူး ) အရပ်ကြီး ကလန်ကလားနဲ့ သူ့အသင်းကို ဦးဆောင်ပြီး ချီတက် လာတာခင်ဗျ ၊ အမေရိကန်တွေ အလှည့်ကြတော့ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေကိုပဲ အရွဲ့တိုက်လေသလား တော့ မပြောတတ်ဘူး လိုပက် လိုမောင် (Lopez Lomong ) ဆိုတဲ့ဆူဒန်နိုင်ငံကဒုက္ခ သည်အဖြစ်ထွက်ပြေးလာပြီး အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပြေးခုန်ပစ် ကစားသမားကို အလံကိုင်ပြီး ရှေ့ဆုံးက ချီတက် ခိုင်းခဲ့ပါတယ် ။ ဒါလဲ နိုင်ငံရေး လှုပ်ရှားတစ်မျိုး ပါပဲခင်ဗျာ။
ဘာပဲဖြစ်ဖြစ် တန်ဘိုးကြီးမားတဲ့ အိုလံပစ် အားကစားပွဲကြီးကတော့ နိုင်ငံတကာမှာလူ့အခွင့်ရေး ကိစ္စတွေနဲ့ ပက်သက်ရင် အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေခဲ့ ပြီး မောင်ဖုန်းတို့ တိုင်းပြည်က ဘဘကြီးတွေရဲ့ အားကိုး အားထားရာ စိနတိုင်းမဟာမှာတော့ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးပါပြီ ။ ဒီလို တန်ဘိုးကြီးတဲ့ အိုလံပစ် ပွဲတော်ကြီး ကျင်းပခွင့်နဲ့ ထိုက်တန်တယ် မတန်ဘူးဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် စောင့်မျှော်ကြည့် ရှုကြပါလို့ တိုက်တွန်းရင်း မောင်ဖုန်း သဘောကျတဲ့ အိုလံပစ် ကာတွန်းလေးတွေကို မျှဝေ လိုက်ပါတယ် ခင်ဗျာ။
....

်.

......

...

...

.


.

4 comments:
ညီရေ့ လက်သံပြောင်လိုက်တာ အကိုတောင် သြချသွားတယ်။ ဒီလောက်တောင် စာရေးကောင်းမှန်း မသိခဲ့ဘူး။
အဲလိုမျိုးတွေ ဆက်လုပ်ကွာ။
တော်တော် အကောင်း မမြင်တတ်တဲ့ လူဘဲ .. လို့ မပြောချင်ပါဘူး။
ဆွေးမျိုးပေါက်ဖော်တွေကို အကောင်းတွေချည်း ပြောနေတယ်
...ကမ္ဘာလုံးကြီးက တရုတ်မီးအိမ်ကြီးလို ဖျတ်ကနဲ ပြောင်းသွား တော့ ဒီတရုတ်တွေ ကမ္ဘာကို စိုးမိုးတော့ မဲ့နိမိတ် များလားလို့ စိုးရိမ် မိသေးတယ် ...တဲ့ ဟုတ်လား...။
စိုးရိမ်တတ်ရန်ကော မောင်လေးရယ်..
မြန်မာတွေက သူတို့လက်အောက်ရောက်နေတာ
ကြာလှပေါ့........။
ကမ္ဘာကရော သူတို့တစ်နေ့ထက်တစ်နေ့ ကြီးထွား
လာနေတာ ဘာလုပ်နိုင်လို့လဲ။
စီဒီ..ဒီဗီဒီ ခိုးကူးခွေ တွေ အတွက်တောင်
လက်ပိုက်ကြည့်နေကြရတာပဲမဟုတ်လား...။
ဘာပြောပြော... သူတို့က ငါတို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေထက်
တော်တဲ့အချက်တွေရှိနေတာတော့ ငြင်းလို့မရဘူးကွ..
Post a Comment