Thursday, May 7, 2009

ငေးမိတဲ့ နှစ်တွေ





ရိုးပြတ်တွေ ပြည့်နေတဲ့ လယ်ကွင်း
အရိပ် က အရိပ်ကို ပြန်မျှော်နေ
ဆည်းဆာတွေ ရင့်မှည့် ကုန်ပြီလား
"ခုအချိန်
အမေ
ဘာတွေများ ချက်နေမှာပါလိမ့်" .....




အရင် နှစ်က လမ်းဟောင်းတွေဘက်
ပြန်စောင်းကြည့်မိ
ခြေထောက်နဲ့ လမ်းကြောင်း
သဟဇာတ ဖြစ် .. မဖြစ်
စိတ်လိုလက်ရ ရှိ .. မရှိ
ဦးခေါင်းကို ဆတ်ကနဲ
ညိမ့် .. မညိမ့်
တီရှပ် အဖြူလေး တထည်
စွန်းထင်း ပေကျန်နေရစ်တယ် ...




မေးခွန်းတွေ မေးတတ်တဲ့
" လျှာ " ကို ဖြတ်မယ်
" ငါ " ကို ဖြတ်တယ်
မျက်ရည် သုတ်တတ်တဲ့
" လက် " တွေကို ဖြတ်မယ်
အတိတ် ကို လာလာ လှုပ်တတ်တဲ့
"ခံစားချက် ကြိုးလေးပါ ဖြတ်မှ ဖြစ်မယ် "

မောင်ဖုန်းမြင့်

3 comments:

pandora said...

အတူတူငေးသွားတယ်
ခံစားချက်ကြိုးလေးတော့ မဖြတ်ပါရစေနဲ့

Mhu Darye said...

ဟုတ်တယ်...။
ခံစားချက်တွေ ရှိမှ ပျော်စရာနဲ့ နာစရာ ခွဲခြား သိမှာ..။ မဖြတ်ပါနဲ့။
(အပေါ်က အပြောကို ထောက်ခံ ရေးခြင်း)
း)

ဂျူနို said...

ခံစားချက်ကြိုးကို ဖြတ်လိုက်ရင် ဖားပြုတ်လို ထုံထုံကြီးဖြစ်နေမှာပေါ့။