Saturday, October 31, 2009

လူစားထိုးခံလိုက်ရတဲ့တစ္ဆေ



ပျှမ်းမျှ အပူချိန် ဖာရင်ဟိုက်ဒီဂရီ
ဘယ်ရွှေ့ဘယ်မျှ

ဒီကောင်လေး ကိုယ်တွေတော်တော်ပူနေပါလား
နားထဲက သဲသဲကွဲကွဲမကြားဘူး
လေတွေက တအူးအူး
ဇောချွေးတွေက ရေတံခွန်လို စီးဆင်း
လည်ချောင်းထဲမှာ မီးလောင်တိုက်ကြီးလား
သတိက မရတချက် ရတချက်
မှိန်ဖျော့ဖျော့ မြင်ကွင်းထဲ
အမေ့ပုံရိပ် က တဖြေးဖြေးဝေဝါး

"အား" !! ..
အော်သံက ပဲ့တင်ပြန်မလာဘူး

ဒါ .. မွန့်ခ်ျရဲ့ ပန်းချီကားမှ မဟုတ်တာ
စိတ်မလွတ်သွားစေနဲ့
ဘုရားတရားကိုအာရုံပြု

နှာသီးဝလေးမှာ သတိလေးကပ်
အာနာပါနလေး ရှုကြည့်ပါလား

မရဘူး . . .
ဝေဒနာနုပဿနာမှာ နာကျင်မှုမလျှော့ပါးဘူး

ထိန်းထားတဲ့ကြား က အာရုံကလွင့်ကနဲပါသွားတယ်
ဟိုမှာ . . .
ပါရီမြို့က လမ်းမတွေလား

သေချာပြီ
အဝါရောင်ကဖေးမှာထိုင်နေတာ တစ္ဆေ .. ဗန်ဂိုး

"ခင်ဗျား အရူးပဲ" လို့ပြောလိုက်တယ်
"ကိုယ်ချစ်တဲ့ မိန်းမက ကိုယ်ကို့ပြန်သတ်တာခံလိုက်ရတဲ့ "
"အသုံးမကျ လွန်းတဲ့ တစ္ဆေ"
သူက လက်ခုပ်လက်ဝါးတွေ တီးပြီးသဘောကျလို့
"မင်းကို ငါ့နေရာမှာ အစားထိုးဖို့စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ"
အေးစက်စက် ပြန်ပြောတယ်
သူ့စကားဆုံးမှ ကျနော်ကိုယ်တိုင်ကလဲ
အသတ်ခံလိုက်ရတဲ့
တစ္ဆေတကောင်မှန်းသိလိုက်ရတယ် အမေ . . .။




ဖုန်းမြင့်

4 comments:

ရွှေရတုမှတ်တမ်း said...

ဒါဆို ကိုယ်ကလဲ လူစားပြန်ရှာရမှာပေါ့...
ကိုဖုန်းမြင့်ရေ...Holloween တစ္ဆေက ကဗျာတစ္ဆေ ကို
လာနှုတ်ဆက်တာဗျာ.....

မိုးအိမ့်ဖြူ said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလား...။

ဇာတိ said...

တစ္ဆေတစ်ကောင်ရဲ့ နေ့တွေညတွေ ထဲ ပါသွားတယ်.. နှစ်သက်မိကြောင်းပါအစ်ကို

သိင်္ဂါကျော် said...

ပါရီ ကိုတောင် သွားလည်တဲ့ တစ္ဆေပါလား...
တစ္ဆေတစ်ကောင်ရဲ့ ခံစားချက်ပေါ်လွင်ပါတယ်။