Wednesday, January 6, 2010

မင်းမုန်းတယ်ပြောတဲ့နေ့က ငါ့လက်ဖျံရိုးမှာ ဆေးမင်ကြောင်အသစ်တိုးတယ်

ငါဟာ . . .မင်းခြေဖမိုးအောက်မှာပဲ
အစွယ်ကျိုးချင်တဲ့မြွေ
အသံဝင်သွားရတဲ့ ခြသေ့င်္
မင်းမျက်စောင်း ဖြောင့်လက်သီးတချက်နဲ့
ကြမ်းပြင်မှာ ဗိုင်းကနဲလဲရတဲ့ကောင်
မင်းကိုလွမ်းတဲ့အလွမ်းတွေကို
ချိန်တွယ်ပြစရာကိရိယာ ဒီမှာမရှိသေးဘူး
မင်းကိုချစ်တဲ့ စိတ်နဲ့
ကောင်းကင်ဘုံနဲ့မြေကမ္ဘာကို တညတာနဲ့ ငါဖန်ဆင်းတယ်
ငါ့ဥယျာဉ် ကို မင်းက အပိုင်စားရသူ
ငါ့ နိုင်ငံတော်မှာ သက်ဦးဆံပိုင်
ငါ့ဒေတာဘေ့စ် ပရိုဖိုင်းမှာ ဖျက်လို့မရတဲ့ ဗိုင်းရပ်စ်
ငါ့နံနက်ခင်းတိုင်းမှာ ဖြာနေတဲ့ နေရောင်ခြည်ဟာ .မင်း
ငါ့သီချင်းတိုင်းဟာ မင်းနာမည်
ငါ့အလံတော်ဟာ မင်းကြောင့် တလူလူလွင့်လို့

မင်းမုန်းတယ်ပြောတဲ့နေ့က
ငါ့လက်ဖျံရိုးမှာ  မင်းနာမည်ကို ဆေးမင်ကြောင်ထိုးတယ် . .  . ။


ဖုန်းမြင့်

8 comments:

ရွှေရတုမှတ်တမ်း said...

တော်သေးတာပေါ့..လက်ဖျံရိုးမှာထိုးထားလို့..
အရိုးမပါတဲ့နေရာထိုးထားရင်..အခက်ပဲ...

mgphonemyint said...

ဟီးဟီး..နာတော့အတော်နာမယ်..း)

shwezinu said...

အနာခံပြီးတော့များမိုက်သေးတယ်နော်
တနားတယ်
ကိုကြီးကျောက် ထုံး နှလုံးမူစမ်းပါဗျာ

naylin said...

တော်သေးတာပေါ့ ၊ အသည်းမှာ မြားစိုက်နေတဲ့ပုံတို့၊ အသည်းကို ဒါးနဲ့ခွဲပြီး သွေးတွေ တစ်တောက်တောက် ကျနေတဲ့ ပုံတို့ မဟုတ်တာ
ဒီခေါင်းစဉ်လေး ဖတ်မိတာနဲ့ ရယ်သွားပါတယ်။ :P

နန်းညီ said...

ရှေ့မှာထိုးထားတာရှိသေးတယ်မဟုတ်လား.. “မသန်းရွှေကို အချစ်ဆုံး”တို့.. “ငယ်လေး” တို့.. :P

YoungGun said...

ငါ့ထံမှ မင်းဆီသို့ ပျံသန်းသောစာများ တဲ့..အောက်ကဗျာရဲ့ အောက်ကစာတန်းလေးကို နဖူးစီးထိုးပြီး ဒီကဗျာကို ကြိုက်ကြောင်း ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။

Anonymous said...

shint har shin toe
shin blo toe toe...:p

လင်းဒီပ said...

“ငါ့ဒေတာဘေ့စ် ပရိုဖိုင်းမှာ ဖျက်လို့မရတဲ့ ဗိုင်းရပ်စ်”

မိုက်တယ်ဗျ အဲဒီ အသုံးလေး...