Friday, September 3, 2010

မြင့်မြတ်သန့်စင်တဲ့လေ

ရှုသွင်းလိုက်စမ်း..
အားရပါးရ ရှိုက်သွင်းလိုက်စမ်း..
အဲ့ဒီလို မြင့်မြတ်သန့်စင်တဲ့ “လေ” ကို
ဝမ်းဗိုက်ကြီး ဖောင်းကားထလာတဲ့ အထိ . . .ရှု
ပြီးရင် . . . မင်းပါးစုန့်မို့မို့ကြီးတွေ တုန်နေအောင်
ရယ်လိုက်ဦး
ပြီးမှ . . ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်
အဖိုးမဖြတ်နိုင်တဲ့ “လေ”
ဒီရေ . . . ဒီမြေမှာ
မညစ်မနွမ်းကျန်နေသေးတဲ့
တခုတည်းသော အဖိုးတန် “လေ”
ဒါဟာ . . .
မိုက်ရိုင်းထွားကျိုင်းလာတဲ့
မြို့ပြတောင် မဖျက်ဆီးနိုင်သေးတဲ့
အပျိုစင် “လေ”
ကာလ ။ ဒေသ ။ ပယောဂ ။
အတ္တ ။ မာန ။ အနုသယ ကိလေသာ
တစ်ခုမှ မပါစေနဲ့
အားရပါးရ . . . ရှု
အရောင်အမျိုးမျိုး ၊ ဝါဒအဖုံဖုံ
အရေပြားအရောင်တောင် မခွဲခြားနဲ့ . . . ရှု
ကွန်ဆားဗေးတစ် ။ လစ်ဘရယ် ဒီမိုကရက်တစ် ။
လေဘာပါတီဝင်ဖြစ်နေတာ မေ့ထားပြီး . . . ရှု
အမ်ဘီအေ ။ ဒီလစ် ။ အခဲဒမစ်
ဂျီအိုပေါ်လက်တစ် ။အမ်ဘရိုမန်တယ်လစ်
အဲ့ဒါတွေခေါက်ထားပြီး . . . ရှု
မင်း ဦးဏှောက်တွေ သန့်ရှင်းစင်ကြယ်သွားတဲ့အထိ . . . ရှု
မင်း ခန္ဓာကိုယ်တခုလုံး ပေါ့ပါးလန်းဆန်းသွားအောင် . . .ရှု
မင်း အသက်ဓါတ်နဲ့ အလေးအမြတ်ပြုပြီး . . .. ရှု
သန့်စင်တဲ့လေရဲ့ ကျသင့်တန်ဖိုးဟာ
မင်းရဲ့ ကျန်ရှိသက်တမ်း အနည်းငယ်မျှသာ
မသေခင်အားရပါးရ ဝအောင် ရှုလိုက်စမ်း . . . .။ ။

MPM

3 comments:

ကိုအောင် said...

အသက်ရှင်ဖို့ လေလာ ရူသွားပါတယ်ဗျို့။

ရွှေရတုမှတ်တမ်း said...

အပျိုစင်"လေ"သည်ကျန်းမာရေး ညီညွတ်စေ၏.. ရှူရှိုက်ခြင်းကြောင့် သုတ်ကိုလဲပွားစေ၏ ၊ ဒုတ်ကိုလဲထွားစေ၏၊ အဖုတ်ကိုလဲယားစေ၏...
ဤကား ဥတုဘောဇန သင်္ဂဟကျမ်း အလိုတည်း.....

mgphonemyint said...

@ ကိုအောင် ..ရှုစေဗျာ...
@ ရွှေရတု ... လူကြီးနော်.. နေကောင်းလာတာနဲ့.. စလာပြီ..း)