Friday, March 21, 2008

မောင်ဖုန်းမြင်. အသစ်တွေ မတင်နိုင်ရတဲ.အကြာင်း

အခုတစ်လော အလုပ်တွေက ဘာမှန်းမသိလောက်အောင်ကို ရှုပ်နေတာ (ဟဲ ဟဲ ပို.စ်အသစ် မတင်နိုင်သေးရင် ဘလော.ဂါတွေ ပြောနေကြ စကားလေ) တစ်ကယ်ပါ ဗျာ အခုလုပ်နေ တဲ. အလုပ်ထဲမှာတင် ဟိုဘက်ပြေးလိုက်
ဒီဘက်ပြေးလိုက် တော်ကြာဟို ဘက်ပြောင်းလိုက်ရ ဒီဘက်ပြောင်း လိုက် ရနဲ.တစ်ယောက်ထဲကို ပတ်ချာလည်နေတာ အွန်လိုင်းပေါ်တောင် မနည်း ရောက်အောင် တက်ရတယ်။

အရင် မောင်ဖုန်းနေရတဲ. နေရာလေးက အေးအေးဆေးဆေး ပဲ ဘာမှအလုပ်လဲသိပ်မရှုပ်ဘူးကိုယ်ဘာသာကိုယ်
ချောင်လေးထဲ ကုပ်ပြီး တွေးချင်ရာတွေး၊ရေးချင်ရာရေးအေးဆေးပဲတွေးလို.လဲကောင်း၊ရေးလို.လဲကောင်းပေါ.ဗျာ
ဒါကို မရှုစိမ်.တဲ. ကြံက မ္မာက မင်းရုံးခန်း ထဲပြန်လာဆိုပြီး လုပ်ချလိုက်ပါလေရော၊မောင်ဖုန်းရဲ.တည်ငြိမ်အေးချမ်း
နေတဲ.ဘဝ လေးဆွေးသွားတာပေါ. ဒါ.အပြင် အရင်နေရာ က စက်ကလေးကိုလဲ ဖြုတ်သိမ်းလိုက်ရတော. ရေးလက်စလေးတွေ အကုန်ပါသွားရော။

အခုနေရတဲ.နေရာလား ဘယ်လိုကောင်းမှာလဲဗျာ တော်ကြာမန်နေဂျာ တွေလာလိုက၊် ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေ မှာကပ်ပြီးရောင်းဖို. ဘားကုဒ်လာထုတ်လိုက် ၊နေ.စဉ်ကုန် အဝယ်စာရင်းတွေ ကို စာရင်းသွင်း
လိုက်နဲ.ယားတဲ.နေရာ ကိုတောင် မှတ်ထားပြီး အားတော.မှ စုကုတ်ရတယ် ။ ဒါတောင် ဘောစိ က ဟောင်ကောင်ဘက် ကို ခရီးထွက်သွားလို. သူရှိနေရင် ပိုဆိုးတယ် ။

အချင်းချင်းတွေ မို.ပြောပြ ရအုံးမယ် ပြန်မပြောရဘူးနော် မောင်ဖုန်းတို. က အင်တာနက်ကို ခိုးသုံးရတာဗျ
မန်နေဂျာ တစ်ယောက်ယောက် သို.မဟုတ် သူဌေး လာပြီဆိုရင် ဘရော.ဇာကို ဖျောက်ဖျောက်ထားရတာ အမော ၊ သူတို. ပေးတဲ.လခ ကိုအလကား ညာယူတယ် ဆိုပြီး အလုပ်ထုတ် လိုက်မှ မောင်ဖုန်းတစ်ယောက် သူများ တိုင်းပြည် မှာ သောင်ပြင်လွတ်တဲ. ဟိုအကောင်လေး ဖြစ်နေ အုံးမယ် ။ အဲ.ဒါကို အလိုက်မသိတဲ. ဟို
ပျုနိုင်ငံတော်က လူကြီးပေါ. မောင်ဖုန်း စီဗုံးထဲ အသစ်မတင်ဘူးလား လို.လာလာ အော်နေတယ် (ဟတ်ဟတ် နောက်တာနော် အကို ) ။

အခုပို.စ်လေးကို တောင်အပြေးအလွား အလုပ်ပါးတုန်းလေး ရေးရတာ ၊ ရေးလိုက် အလုပ်လေးလုပ်လိုက် ဆပ်ပလိုင်းယာ တွေမေးတာဖြေလိုက်နဲ. ကိုယ်ဘာသာတော. ဟုတ်နေတာပဲ ။တစ်နေ. တစ်နေ. လာလိုက်တဲ.
ဆပ်ပလိုင်းယာတွေ ဆိုတာလဲနည်းတာ မဟုတ်ဘူး ၊သူတို.နဲ. နပန်းလုံးနေရတာ နဲ.ရေးဖို.တွေးထားတာလေး
တွေတောင် ဘယ်ချောင်ရောက်ရောက် သွားမှန်းမသိဘူး ၊ ပြောနေရင်း တန်းလန်း မောင်ဖုန်းတို. ဂျာကြီးက
ဘဏ်က လာပို.တဲ.ငွေ အကြွေစေ.တွေကို သူကိုယ် တိုင်ဝင် သယ်နေတော. မောင်ဖုန်းလဲ ဘယ် လိုထိုင် ကြည်.
နေလို.ရတော.မှာလဲ .......ဟူး....ပို.စ်အသစ်လေးတောင် ချွေးတွေ ပေကုန်ပြီ ။

ကဲဒီနေ.တော. မောင်ဖုန်းရဲ. ငိုချင်းရှည် ပို.စ်ကို ဒီလောက်နဲ. ပဲရပ်လိုက်ပါတော.မယ် တော်ကြာဘလော.လာလည် တဲ.သူတွေ စိတ်မခိုင်ပဲ ငိုကုန်ကြရင် မောင်ဖုန်းကြောင်. ဖြစ်နေမှာစိုးလို. ။
(နောက်လလောက် ဆိုရင်တော. အရင်နေရာ ကို ပြန်ရောက်မယ် ထင်ပါရဲ.)

မောင်ဖုန်းမြင်.

1 comment:

မြန်မာပြည်ကိုလွမ်းတယ် said...

အကိုဖုန်းရေ...ဘာရေးရေးဖတ်ကောင်းအောင်
ရေးတတ်ပါဘိတော့.အရင်နေရာလေးကိုမြန်
မြန်ပြန်ရောက်ပြီး..ပို.စ်အသစ်လေးတွေများ
များတင်နိုင်ပါစေ(ကြုံတုံးအချွန်နဲ.မတာပါ..
ဟီးဟီး)