
ဒိုင်ယာရီ
နှစ်ချို့စကားလုံးများ
သိုမှီး သိမ်းဆည်းထားခဲ့ရာ အရပ်
တခါ..တခါ
ငါ့အိမ်ယာ ကို ငါ ပြန်နေကျလမ်းလေး
ချစ်ခြင်းများနှင့်
နင့်နေအောင်လေးခဲ့သော
သေတ္တာ
အလွမ်း ၊ အိပ်မက် ၊ မျှော်လင့်ချက်များ
တကန့်စီ ပျိုးခဲ့ရာ ဥယျဉ်
အသံကြောင် ဂစ်တာတလက်နဲ့
အခုထိ အော်ဆိုလို့ မရသေးတဲ့ သီချင်းတွေ
နှစ်ပေါင်းများစွာ ကြာနေတဲ့
မျက်နှာစာမှာ ကျိုးပဲ့ ကြေပျက်
သွေးစိမ်းတွေထွက်နေတဲ့ ဒါဏ်ရာနှင့်
ခေါ်နေမိတဲ့အသံဟာ
ဘဝဂ်အထိ ညံနေရောမယ်
မောင်ဖုန်းမြင့်
(၂၈.၀၆.၀၉)
3 comments:
အကို ပြောချင်နေတာကိုများ ပြောလိုက်လေရော့သလား ညီလေး
ဗလာဆိုတာ....
အရာရာကို ကြိုစောင့်နေရာ အရပ်ဖြစ်တယ်...။
အသံမကြောင်တဲ့ ဂစ်တာတလက်ပို့ လိုက်မယ်။
Post a Comment