အဲ့ဒီနေ့က နေလုံးမကွယ်ခင်
ပင်လယ်ထဲ ကျနော်စုံးစုံးမြုပ်သွားတယ်
ပျော်ရွှင်ခြင်းအစွန်းတဘက်
ချောက်ကမ်းပါး နက်နက်ကြီးထဲ
အဝေးက..
တရွေ့ရွေ့လာနေတဲ့ မင်းရယ်သံတွေ ...ပြီးတော့ငိုသံတွေ
အဲ့ဒီအလယ်မှာ..ငါ့ရဲဝမ်းနည်းခြင်းတွေ တောက်ပ
နှင်းတွေလား၊ မြူတွေလား..
အဲဒီလို
မင်းနဲ့ငါကြားမှာ ပါးလွှာလွှာအလွှာလေးတချပ် ခြားနေခဲ့တယ်
ငါဟာ ကျုးကျော်သူပါကွယ်
ခွင့်မလွတ်လိုက်ပါနဲ့
ပြီးတော့......
ငါတကိုယ်ထဲ ကျင်းပလိုက်ရတဲ့
ငါ့ဈာပန အခမ်းအနားလေးမှာ
ဆိတ်ငြိမ်မှုတွေကိုသာ
အမြှောက်သံအဖြစ် ကြားလိုက်ရတယ်......
ပြီးတော့.......
နှင်းဆီနက်တွေပွင့်တဲ့
ပန်းခင်းအလယ်မှာပဲ
ငါ့ရဲ့ ခရုခွံလေးတွေကို မီးရှို့လိုက်ပြီး
မင်းရဲ့ ပျော်ရွှင်မှုအတွက် (မြေဩဇာအဖြစ်)
ကြဲချလိုက်မိတယ်.....
ပြီးတော့.......
ထိရှနေ့ဆိုတာ
ငါ့ကို... တဘဝလုံးစာ ဖျားနာစေခဲ့ပြီး
ငါ့.. ရင်အုံ တခုလုံးကို
ငါကိုယ်တိုင် အပိုင်းပိုင်းခွဲလိုက်နိုင်ခြင်းသာဖြစ်တယ်.....။
မောင်ဖုန်းမြင့်
(၁၀.၀၇.၂၀၀၉)
ဓတ်ပုံ အင်တာနက်
ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Sunday, July 12, 2009
ထိရှနေ့များ...
Subscribe to:
Post Comments (Atom)
2 comments:
ငိုရတော့မလား...
အပိုင်းပိုင်းတော့ မခွဲပါနဲ့အုံးကွာ ... ဖြည်းဖြည်းပေါ့။
Post a Comment