ချစ်သူ့ကမ်းခြေ
ချစ်သူ့ကမ်းခြေ
မင်းရှိရာသောင်ကမ်းကို
တလိမ့်ချင်းလာနေရတဲ့
လှိုင်းကလေးပါ
ပင်လယ်ကဗွီးပင်တွေလိုမင်းရယ်သံလွင်လွင်နဲ့လှပနေခဲ့မိုးသားတောအုပ်ပြာပြာထဲ
အမှတ်မဲ့ ရေးခြစ်ခဲ့မင်းနာမည် .....မုန်တိုင်းမကျခင်
ပင်လယ် ရင်ခွင်မှာလူးလိမ့်မင်းအရိပ်တစုံတရာကိုစင်ရော်တွေ အစာမျှော်သလို ငါမျှော်နေခဲ့တယ် .....။မောင်ဖုန်းမြင့် (၀၂.၀၇.၂၀၀၉)
(ဓါတ်ပုံ - အင်တာနက်)
4 comments:
အင်း........
အကြောင်းမသိရင်တော့ ကြွေလောက်တယ်...
လရဲ့ အပြာရောင်တေးသွားတွေ ကြားနေရပြီထင်တယ်
ဒီကဗျာလေး ချစ်ဖို့ ကောင်းတယ်ဗျာ..
မျှော်နေခဲ့တဲ့ အရာကို ဆုပ်ကိုင်နိင်ပါစေဗျာ
ကဗျာကောင်းလေးတွေကို နှစ်သက်တဲ့ကျွန်တော် ဒီကဗျာလေးကို ကြိုက်ပါတယ်...
ကျွန်တော်လည်း ချစ်သူ့ကမ်းခြေဆိုတဲ့ နာမည်နဲ့ကဗျာ တပုဒ်ရေးဖူးတယ်ဗျ...အဓိပ္ပါယ်ကောက်မလွဲစေချင်ဘူးနော် ဒါတိုက်ဆိုင်မှုပါ..
...ခင်မင်သောအားဖြင့်...
Post a Comment