Sunday, August 30, 2009

ငါ့နောက်ကျောက ကျာပွတ်ရာတွေ

မြို့ကြီးနှယ်
ဝိရိယနည်းလိုက်ပုံများ
ကိုယ့်အမှတ်ရနေ့လေး ပါတော်မူသွားတာတောင်
အိပ်ယာက လုံးလုံးမနိုးဘူး . . .။


ကိုယ့်ဘဝကို
အမှောင်ခေတ်ထဲက
ရဲတိုက်ကြီးလို အမှောင်ပြန်ချ
ဝင်ရိုးစွန်းတန်းက ဆောင်းခိုဝက်ဝံကြီးဘဝနဲ့
မြင့်မြင့်မားမား အထီးကျန်မျောလွင့်နေရ . . .


ဘယ်မှာလဲ . . . နေရဲ့တောက်ပပုံတွေ
ဘယ်မှာလဲ . . . ပင်လယ်လို ခမ်းနားတယ်ဆိုတဲ့ အရာတွေ
ဘယ်မှာလဲ . . . လတ်လတ်ဆတ်ဆတ် အသက်ရှုသံတွေ
ဘယ်မှာလဲ . . . တခါတုန်းက ညနေတွေ
ဘယ်မှာလဲ . . . ငါ့ဘဝရဲ့အဓိပ္ပါယ်တွေ . . .


ကိုယ့်ရင်ကို ထုတ်ချင်းပေါက်အောင်လျှိုသွားတဲ့

သူလျှိုမလေးရေ...


တကယ်တော့ ငါ့ကဗျာဆိုတာ
ငါ့နောက်ကျောက ကျာပွတ်ရာတွေပါပဲကွာ ။ ။


ဖုန်းမြင့်

7 comments:

အိုင်လွယ်ပန် said...

နောက်ကျောမှာ အထင်းသား
နှလုံးသားထဲမှာ သိုသိုသိပ်သိပ်
နက်နက်ရှိုင်းရှိုင်း ...
ကျာ ...ပွတ် ... ရာ ...များ .......။

ATN said...

ရိုက်သွားတဲ့သူကလည်း ရက်စက်ပါ့...

Anonymous said...

ဘာအမှတ်တရနေ့ပါလိမ့်
တည်တည်ငြိမ်ငြိမ် ဘာမှမသိတဲ့ဘ၀တဘဝ
ကိုသွားပြီးရေနှောက်မိတဲ့ နေ့များလား

Anonymous said...

ဆောရီး.. အပေါ်က မှားပြီးရေးမိတာပါ
ခွင့်လွှတ်ပါ ပြန်ပြီး မဖျက်တတ်လို့ မဖျက်ခဲ့ရ

လင်းဒီပ said...

“ကိုယ့်ရင်ကို ထုတ်ချင်းပေါက်အောင်လျှိုသွားတဲ့
သူလျှိုမလေးရေ...”
မိုက်တယ်ဗျာ ဒီအသုံးလေး...
ကဗျာဆိုတာ ကျောက ကြာပွတ်ရာတွေ...ကြိုက်တယ်

မြစ်ကျိုးအင်း said...

ကျာပွတ်ရာ ဘယ်နှချက်ရှိနေပြီလဲ....။
ဒါပေမယ့်လည်း ကဗျာ ကဗျာ လို့ တောင့်တနေတုန်းပဲ မဟုတ်လား ကိုဖုန်းရေ...။

YoungGun said...

ကျာပွတ်ရာတဲ့လားဗျာ။ အပြုံးနဲ့ ဆီးယူပွေ့ဖက်ရတဲ့ ကျာပွတ်ရာတွေလို့ပဲ မြင်မိတော့တယ်။ အဲဒီနောက်ဆုံးအပိုဒ်ကိုတော့ဖြင့် ရင်နင့်အောင် ရွတ်ဆိုမိတယ်။