Wednesday, October 28, 2009

အပျင်းပြေ အပျော်ဖတ်

အပျင်းပြေချင်လို့ အပျော်ပဲဖတ်ဖတ်
အရေပြားပေါ်က အယားပြေအောင်
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး
တကိုယ်လုံး ကြက်သီးတွေ ဖျန်းဖျန်း ထ
ညောင်ဦး ကမ်းပါး(ကဘား)ပြို တော့
စမ္ဗနဂိုရ်က နမ /နွားမ တွေ ဈေးပေါင်ကျိုးတယ်ပဲပြောလိုက်မယ်
ခါလာကြီးက မာလကီးမယားခင်
မာလကာသီးမှ စားချင်တယ်ဆိုလို့
အရေးတကြီးပြေးဝယ်
ဂွေးသီးသယ်ပဲ တွေ့တွေ့နေတယ်
ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
အခွံ(အခွန်) ဆောင်ရန် ၊ ရှောင်ရန် များမှာ
မိမိတို့နှင့် မသက်ဆိုင်ပါကြောင်း . . .
ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး၊ တပ်ဆင်မှုကြီး ရဲ့နောက်ကွယ်မှ
ဇာဘော်လီချိတ် ပြုတ်ထွက်ခြင်း
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ
တခဏတာ လမ်းလွဲ အောင်မြင်မှု
( အထွဋ်အထိပ် ရောက်မှ ၁၅ မိနစ်လောက်ပဲကြာမယ် )
တပ်မက်ချင်ယောင်ဆောင်မနေနဲ့
ချွေးသံတလုံးလုံး အားထုတ်ကြိုးပမ်းမှုရဲ့ နောက်ကွယ်
ဟော . . . ဒါဟာ . . .ကဗျာ ဖြစ်တယ်
ဟော . . . ဒီလိုမျိုး . . . ကဗျာတွေရမယ်
တလဟော ၊ တရစပ် ပန်းထွက်လာတဲ့ကဗျာများ
(ခင်ဗျားလေးတို့အတွက် သီးသန့်စပါယ်ရှယ်)
ဖတ်ချင်လဲ ဖတ် ၊ မဖတ်ချင်လဲနေ
ပြတိုက်ထဲမှာ သိမ်းချင်သိမ်း ၊ ကျပ်ခိုးစင်ပေါ်တင်ချင်လဲတင်
နမ/နွားမ တော် ညိုပြာညက်များ
အားလပ်ရင် ခါးစပ်မှာ ဆင်ဘို့
(လတ်လျှား လတ်လျှား လုပ်နေမယ့်အစား )
ဟောဒီမှာ . . .လမ်းဘေးက ကဗျာတွေ
ပူပူနွေးနွေး အထူး ပြုလုပ်ဖန်တီးပေးနေပါပီ



ဖုန်းမြင့်

9 comments:

အိုင်လွယ်ပန် said...

လွှတ်ကို ရွဲ့ နေပါလား ငါ့အစ်ကို :)

pandora said...

ဟိုက်ရှားဘား... ပွဲကြမ်းနေပါလား..

ရွှေရတုမှတ်တမ်း said...

ဂွေးသီးသယ် ကိစ္စ ကတော့...
ထိပ်ဝရောက်နေပြီဗျို့....း))

Anonymous said...

15 minutes lae ma soe par buu lay.
a lote tot phyit par thay tae :D
hee hee

မိုးအိမ့်ဖြူ said...

ကဗျာကကောင်းပါတယ် အဆက် အစပ်ရှိတယ် ဗျာ

မိုးမောင် said...

ပြတိုက်ထဲမှာ သိမ်းချင်သိမ်း၊ ကျပ်ခိုးစင်ပေါ်တင်ချင်လဲတင်

ကျနော်တော့ ကျနော့် side bar ထဲ အလှကြည့်ချင်လို့ လင့်ခ်ပါတခါတည်း မသွားတယ်ဗျာ။ :)

မြစ်ကျိုးအင်း said...

သိနေတယ်နော် သိနေတယ်

လတ်လျှား လတ်လျှား မလုပ်ဘူး အေးအေးဆေးဆေး စာလာဖတ်တာ။

နန်းညီ said...

ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
တခဏတာ လမ်းလွဲ အောင်မြင်မှု
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ

ဒီတစ်ပုဒ် ဘယ်လိုကျော်သွားလည်းမသိ..း)

နန်းညီ said...

ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
တခဏတာ လမ်းလွဲ အောင်မြင်မှု
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ

ဒီတစ်ပုဒ် ဘယ်လိုကျော်သွားလည်းမသိ..း)